APM ၊ စပ်တမ်ဘာ ၂၄/၂၀၂၂
တောင်ကုတ်တွင် စပ်တမ်ဘာ ၂၃ ရက်နိကလေ့ သံတွဲ၊ ငပလီအခြီစိုက် နယ်ချဲ့အကြမ်းဖက် စစ်ကောင် စီတပ် တပ်မ(၅၅) မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ယောက်ကို ဖမ်းယူလားပြီး နောက်ထပ်လေ့ သဲကြီး မဲကြီး လိုက်ဖမ်းနီ ကြောင်း သတင်းရဟိသည်။
အဖမ်းခံရသူ နှစ်ယောက်မှာ တောင်ကုတ်မြို့နယ်၊ ညောင်ဖောက်ရွာမှ ဦးအေးကျော်ကျော်(၃၉နှစ်)နန့် သက်ကေပြင်ရွာမှ ဦးကျော်ကျော်နိုင်(၄၃ နှစ်)ရို့ဖြစ်ကတ်သည်။
ယင်းအထဲမှ ဦးအေးကျော်ကျော် ကို စပ်တမ်ဘာ ၂၃ ရက်နိ နိခင်း ၁ နာရီခန်တွင် သံတွဲမြို့နယ်၊ ငပလီအခြီစိုက် အကြမ်းဖက်စစ်ကောင်စီတပ် တပ်မ(၅၅) မှ တပ်ဖွဲ့ဝင် (၆) ယောက်ခန့်က နီအိမ်အတွင်းသို့ ဝင်ရောက်လာကာ ဖမ်းဆီးခေါ်ဆောင်လားခြင်းဖြစ်ပြီး ဦးကျော်ကျော်နိုင်ကိုတော့ နိခင်း၂ နာရီလောက်တွင် အရပ်ဝတ် ဝတ်ထားသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ကားတစီးဖြင့်လာ၍ စစ်ဆီးစရာဟိသည်ဟုဆိုကာ ခေါ်ယူလားခြင်း ဖြစ်သည်။
ယင်းနောက် သူရို့နှစ်ယောက်ကို ကားဖြင့်တင်လားကာ တောင်ကုတ်ခြီစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ (၅၄၄) တပ်ရင်းတွင် ထိန်းသိမ်းစစ်ဆီးနီကြောင်း သိရသည်။
ကုန်ခသည့် စပ်တမ်ဘာ ၆ ရက်နိက တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်မှ သွားဆရာဝန် ဒေါက်တာ ကျော်သူရထွန်းကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းယူလားခပိုင် စပ်တမ်ဘာ ၁၇ ရက်နိကလေ့ တောင်ကုတ်အခြီစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ (၅၄၄) တပ် ရင်းမှ တပ်ဖွဲ့ဝင်များသည် တောင်ကုတ်မြို့၊ ဝက်ကျိတ်အုပ်စု၊ မှော်ဟင်းတော ရပ်ကွက်မှ ဦးကျော်သောင်း၊ ကိုင်းရှည်ရပ်ကွက်မှ ဦးအောင်မင်းနိုင် (ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ရွာမှ တောင်ကုတ်သို့ အလည်ရောက်နီသူ)ရို့ကို ဖမ်းယူလားခသိမ့်သည်။
ယင်းအပြင် စပ်တမ်ဘာ ၁၈ ရက်နိ၌လေ့ ချောင်းကောက်ရပ်ကွက်မှ ဦးထွန်းချစ်၊ ဂူတာရပ်ကွက်မှ ကိုဦး နန့် ကိုစိုးဝင်းချေ၊ ကင်းတောင်ရွာမှ ကိုမိုးဟိန်းအောင် ရို့ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ မတရားဖမ်းဆီးရိုက်နှက်ခေါ်ဆောင်လားခသည့်အပြင် စပ်တမ်ဘာ ၁၉ ရက်နိကလေ့ ကိုင်းရှည်ရပ်ကွက်မှ ကိုင်းရှည်လူမှုကူညီရီးအသင်း၏ ဥက္ကဋ္ဌနန့် ဒုဥက္ကဋ္ဌဖြစ်သူ ဦးမြင့်လှိုင်နန့် ဦးဇော်မျိုးထွန်း၊ စပ်တမ်ဘာ ၂၁ ရက်နိက ချောင်းကောက်ရပ်ကွမှ ကိုမျိုးမြင့်ရို့ကို အသီးသီး ထပ်မံဖမ်းဆီးခပြန်သည်။
တောင်ကုတ်မြို့နယ်တွင် ကုန်ခသည့် စပ်တမ်ဘာ ၆ ရက်နိကနီ ၂၃ ရက်နိအတွင်း နယ်ချဲ့အကြမ်းဖက် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသည့် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း ၁၂ ယောက်ထက်မနည်း ဟိကြောင်း သိရသည်။
(Zaegyi)
တောင်ကုတ်ဒေသခံ နှစ်ယောက်ကို နယ်ချဲ့အကြမ်း ဖက်စစ်ကောင်စီတပ်က ထပ်ဖမ်းပြန်၊ နောက်ထပ်လေ့ သဲကြီးမဲကြီး လိုက်ဖမ်းနီ
APM ၊ စပ်တမ်ဘာ ၂၄/၂၀၂၂
ယင်းအပြင် စပ်တမ်ဘာ ၁၈ ရက်နိ၌လေ့ ချောင်းကောက်ရပ်ကွက်မှ ဦးထွန်းချစ်၊ ဂူတာရပ်ကွက်မှ ကိုဦး နန့် ကိုစိုးဝင်းချေ၊ ကင်းတောင်ရွာမှ ကိုမိုးဟိန်းအောင် ရို့ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ မတရားဖမ်းဆီးရိုက်နှက်ခေါ်ဆောင်လားခသည့်အပြင် စပ်တမ်ဘာ ၁၉ ရက်နိကလေ့ ကိုင်းရှည်ရပ်ကွက်မှ ကိုင်းရှည်လူမှုကူညီရီးအသင်း၏ ဥက္ကဋ္ဌနန့် ဒုဥက္ကဋ္ဌဖြစ်သူ ဦးမြင့်လှိုင်နန့် ဦးဇော်မျိုးထွန်း၊ စပ်တမ်ဘာ ၂၁ ရက်နိက ချောင်းကောက်ရပ်ကွပ်မှ ကိုမျိုးမြင့်ရို့ကို အသီးသီး ထပ်မံဖမ်းဆီးခပြန်သည်။