APM၊ စပ်တမ်ဘာ ၂၄/၂၀၂၂
ကျောက်တော်တွင် ဒေနိ(စပ်တမ်ဘာ ၂၄ ရက်နိ)မိုးထ ၁ နာရီခွဲအချိန်ခန့်၌ နယ်ချဲ့အကြမ်းဖက် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ် သား ပြည်သူတယောက် ဒဏ်ရာရလားကြောင်း သတင်း ရဟိသည်။
ဒဏ်ရာရလားသူများမှာ ကျောက်တော်မြို့၊ရွာမရပ် ကွက်ဟိ သိန်းဆန်းတည်းခိုရိပ်သာတွင် လာရောက်တည်းခိုနီသည့် ပလက်ဝမြို့နယ်၊ ဒိုးချောင်းဝရွာမှ ကိုဦးကျော်ရှီ(၂၇ နှစ်) ဖြစ်ပြီး ကျောက်တော်အခြီစိုက် အကြမ်းဖက် စစ်ကောင်စီတပ် ခမရ(၃၇၆) တပ်ရင်းမှ ဒေနိမိုးထ ၁နာရီခန့်မှစတင်ကာ ကျောက်တော်မြို့အတွင်း လက်နက်ကြီးများဖြင့် လှည့်လည် ပစ်ခတ်နီခခြင်းဖြစ်သည်။
ယင်းလက်နက်ကြီးကျည်များသည်သိန်းဆန်းတည်း ခိုရိပ်သာသို့ ကျရောက် ပေါက်ကွဲမှုကြောင့် ကိုဦးကျော်ရှီ
(၂၇ နှစ်)၏ ဘေးစတွင် ကျည်စထိမှန်ခသည့်အပြင် တည်းခိုရိပ်သာတွင်လေ့ ဂိုဒေါင်တလုံး၊ အခန်းနှစ်ခန်းနန့် ဘုရားကျောင်း တကျောင်းပျက်စီးလားဟု သိရသည်။
ကုန်ခသည့် စပ်တမ်ဘာ ၂၀ ရက်နိကလေ့ အကြမ်းဖက် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက် ပေါက် ကွဲမှုကြောင့် ကျောက်တော်မြို့နယ် နဂရာရွာမှ အပြစ်မဲ့ဒေသခံမိသားစု ၄ ယောက်
ပြင်း ပြင်းထန်ထန် ဒဏ်ရာရလားခရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ယင်းသို့ အပြစ်မဲ့ပြည်သူများ နီထိုင်ရာ ရပ်ရွာများကို ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်တိုက်ခိုက်နီသည့်အပြင် တိုက်ပွဲဖြစ်ရာအနားပတ်ဝန်းကျင်မှ ဒေသခံပြည်သူများကိုလေ့ မတရားဖမ်း ဆီး ပေါ်တာဆွဲကာ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းများပြုလုပ်လျက်ဟိကြောင်း သိဟိရပါသည်။
(Zawgyi)
ကျောက်တော်တွင် နယ်ချဲ့အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အပြစ်မဲ့အရပ်သား ပြည်သူ တယောက် ဒဏ်ရာရ
APM၊ စပ်တမ်ဘာ ၂၄/၂၀၂၂
