APM၊ သြဂတ်စ် ၂၄ /၂၀၂၃
မြန်မာစစ်တပ်၏ မတရားဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)နန့် စစ်တွေမြို့နယ်တရားရုံး၌ တရားရင်ဆိုင်နီရသည့် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာမှ ကိုမောင်သက်စိုး(ခ) ကိုမောင်ချေအမှုကို ဒေနိ(ဩဂတ်စ် ၂၄ ရက်နိ)တွင် ရုံးထုတ်ခကေလေ့ စစ်တွေမြို့နယ်တရားသူကြီး ဦးဝင်းနိုင်က တစုံတရာ စစ်ဆီးခခြင်းမဟိဘဲ ရုံးချိန်းထပ်ရွှိ လိုက်ပြန်သည်။
အမှုကို ဒေနိတွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ မြို့နယ်တရားသူကြီး ဦးဝင်းနိုင်က တစုံတရာ မစစ်ဆီး၊ အကြောင်းပြချက်လည်း မည်မည်ရရမဟိဘဲ လာမည့် ဩဂတ်စ် ၃၁ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်သည်။
ကိုမောင်သက်စိုးမှာ ပြီးခသည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလက ကျောက်တော်မြို့နယ် ကာဒီရွာ(ခ) သဇင်ရွာမှ ဆန်စက်ပိုင် သျှင် ဦးလှမောင်သန်းနန့်အတူ ကန်စောက်အခြီစိုက်မြန်မာစစ်တပ် အမှတ် (၅၃၉) တပ်ရင်းသို့ အဖော်လိုက် လားစဉ် အဖမ်း ခံခရခြင်းဖြစ်သည်။
ယင်းနောက် မြန်မာစစ်တပ်က ၎င်းရို့ ၂ ယောက်ကို ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟု စွပ်စွဲကာ ပုဒ်မ ၁၇ (၁)နန့် တရားစွဲဆိုပြီးနောက် ရုံးထုတ်စစ်ဆီးနီတုန်းမှာပင် ဦးလှမောင်သန်းကို စစ်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၃၁ နန့် ထပ်တိုး တရားစွဲ ဆိုခသည်။
လက်ဟိတွင် ဦးလှမောင်သန်းမှာ လွတ်ငြိမ်းဖြင့် ပြန်လွတ်လာကေလေ့ ကိုမောင်သက်စိုးမှာ ပြန်မလွတ်နိုင်သိမ့်ဘဲ ဆက်လက်တရားရင်ဆိုင်နီရသိမ့်သည်။
လက်ဟိတွင် ကိုမောင်သက်စိုးကို စစ်တွေအကျဉ်းထောင်၊ ထောင်ချုပ်၌ ချုပ်နှောင်ထားပြီ တနှစ်နီးပါးကြာအချိန်အတော အတွင်း အကြိမ် (၂၀) လောက် ရုံးထုတ်ခကာ ရုံးချိန်းတိုင်း၌ တစုံတရာ မစစ်ဆီးဘဲ အကြိမ်ကြိမ် ရွှိဆိုင်းနီသည်ဟု သိရသည်။