
(ဂျူလိုင် ၁၇ ရက်နိမှ ၂၃ ရက်နိ အထိ)
၁။ ၁၇ – ၇ – ၂၀၂၃(တလင်းလာ)
ရက္ခိုင့်တပ်တော် AAနန့် ဆက်စပ်သည်ဟုဆိုကာ မြန်မာစစ်တပ်က ဖမ်းဆီးတရားစွဲဆိုထားသည့် ဘူးသီးတောင်မြို့နယ်၊ တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူး ဦးဦးကျော်လှနန့် မီးကျောင်းဈီးရွာ အုပ်ချုပ်ရီးမှူး ဦးဟာမတ်တူဆောင်းရို့ကို ဂျူလိုင် ၁၄ ရက်နိ တွင် ဘူးသီးတောင်မြို့နယ်တရားရုံးမှ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)(၂)နန့် စွဲချက်တင်လိုက်သည်။
၂။ ၁၈ – ၇ – ၂၀၂၃(အင်္ဂါ)
(၁) အာရက္ခပြည်သူ့အစိုးရ၏ ကျန်းမာရီးဝန်ထမ်းများ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AA ဆီးဝန်ထမ်း တပ်ဖွဲ့ ဝင်များက ဘူးသီးတောင်မြို့နယ်ဟိ မုန်တိုင်းသင့် အာရက္ခပြည်သူများအား ဘာသာလူမျိုးမရွီး နိစဉ်ရက်ဆက် ဆီးကုသပီးလျက် ဟိသည်။
(၂) ရက္ခိုင်ဟိ စီးပွားရီးငန်းသျှင်များ၊ ဆောက်လုပ်ရီးလုပ်ငန်းသုံးပစ္စည်းများ၊ ကုန်စည်ကူးသန်း ရောင်းဝယ် ဖောက်ကား ကတ်သော သူများအနီဖြင့် အိမ်ဆောက်ပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆား အစဟိသောအခြီခံစားသုံးကုန်ပစ္စည်း၊ ဆီးဝါးများကို ဈီးနှုန်းအဆမတန် မြှင့်ကာ ရောင်းချခြင်းများကို မပြုလုပ်ကတ်ပါရန်နန့် သင့်တင့်သောဈီးနှုန်းများဖြင့် ရောင်းချကတ်ပါရန် Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရီးနန့် ပြန်လည်နီရာချထားရီးကော်မတီ Cyclone Mocha ERRCA က တိုက်တွန်းထားသည်။
(၃) မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နန့် တရားစွဲခံထားရသည့် မင်းပြား မြို့နယ်က အပျော်တမ်းဓာတ်ပုံဆရာ ဦးစိုးမိုးကျော်၊ ကျောက်တော်မြို့၊ကဝိရတနာ စစ်ဖီးယှောင်စခန်းက ဦးကျော်ဟိန်း၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာက ဦးမောင်စောသာ၊ ဝပြန်ရွာက ကိုမောင်သန်းဌေးနန့် ကိုမောင်ထွန်းလှိုင်၊ ပုဏ္ဏား ကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာက ဦးသန်းစိုး၊ အောင်ဖြူပြင်ရွာက ကိုမျိုးဦး၊ မြေပုံမြို့နယ်၊အငူရွာသစ်က ကိုမောင်ချေ (ခ) မောင်မျိုးကိုနန့် မြောက်ဦးမြို့၊ မဟိန်ဂျီရပ် ကွက်က ကိုကျော်မောင်လင်း ရို့အမှုကို ဂျူလိုင်၁၈ ရက်နိ၌ ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခပြီး၊ ကျောက်တော်မြို့နယ် တရားသူကြီး ဦးအောင်ကျော်သူက လိုပြသက်သီမ ရောက်ဟုအ ကြောင်းပြကာ မစစ်ခဘဲ ရုံးချိန်း ထပ်ရွှိလိုက်သည်။
၃။ ၁၉ – ၇ – ၂၀၂၃(ဗုဒ္ဓဟူး)
(၁) မြန်မာစစ်တပ်က ရွာမှနှင်ထုတ်ထား၍ တိမ်းယှောင်နီကတ်ရသည့် ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်းနန့် နပျိုးချောင်း ရွာသား များမှာ လက်ဟိအချိန်ထိ နီရပ်ပြန်ခွင့်မရသိမ့်ဘဲ လူမှုစီးပွားဘဝများစွာထိခိုက်နီကတ်ရသည်။
(၂) ဂျူလိုင် ၁၉ ရက်နိ၌ ပေါက်တောမြို့နယ်မှ မုန်တိုင်းသင့်ကျေးရွာ ၁၀၀ ကျော်ကို ရက္ခိုင်အမျိုးသားအဖွဲ့/ရက္ခိုင့်တပ်တော် ULA/AA ဦးဆောင်သည့် Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရီးနန့် ပြန်လည် နီရာချထား ရီးကော်မတီ Cyclone Mocha ERRCA က ဆန်အိတ် ၁၅၀၀ ကူညီထောက်ပံ့ပီးခသည်။
(၃) ရက္ခိုင်ပြည်အတွင်း ဆိုင်ကလုန်း ကယ်ဆယ်ရီးလုပ်ငန်းများကို မုန်တိုင်းအပြီး ၂ လ အကြာထိ စစ်ကောင်စီက ဆိုင်းငံ့ ထား တုန်းဖြစ်ကြောင်းကုလ သမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိင်းပေါင်းစပ်ရီးရုံး(UNOCHA)က ဂျူလိုင် ၁၉ ရက်နိတွင် ထုတ်ပြန်သည်။
၄။ ၂၀ – ၇ – ၂၀၂၃ (ကြာသပတီး)
(၁) ရသေ့တောင်မြို့နယ်မှ ကျေးရွာပေါင်း ၅၀ ကျော်တွင် ULA/AA ဦးဆောင်သည့် အာရက္ခပြည်သူ့အစိုးရ၏ ကျန်းမာရီး ဝန်ထမ်းများ နန့် ULA/AA ဆီးဝန်ထမ်းတပ်ဖွဲ့ဝင်များက အာရက္ခပြည်သူများအား လူမျိုးမရွီးဘာသာမရွီး နိစဉ်ရက်ဆက် ဆီးကုသပီးလျက် ဟိကြောင်း Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရီးနန့် ပြန်လည်နီရာ ချထားရီးကော်မတီ Cyclone Mocha ERRCA က ဂျူလိုင် ၂၀ ရက်နိတွင် ထုတ်ပြန်သည်။
(၂) စစ်ကောင်စီသည် ရက္ခိုင်ပြည်တွင်း ယာယီအပစ်ရပ်ရီးအတွက် မူလက နှစ်ဖက်သဘောတူထားခသည့် အချက်တချို့ အပေါ် ချိုးဖောက်လာကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/ AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။
၅။ ၂၁ – ၇ – ၂၀၂၃(သောကြာ)
မောင်တောခရိုင် ဒု-ဥပဒေအရာဟိ ဦးလှမြင့်ကို မြန်မာစစ်တပ်က မောင်တောခရိုင် ဥပဒေရုံးမှတဆင့် နခခ(၅)တပ်မသို့ ခေါ်ယူကာ ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်မှုဟိ/မဟိ တရက်ကြာ ခေါ်ယူစစ်ဆီးခသည်။
၆။ ၂၂ – ၇ – ၂၀၂၃ (စနီ)
ဂျူလိုင် ၂၁ ရက်နိ၊ ညည့်က မြောက်ဦးမြို့နယ်၊ ကျောင်းတောင်အုပ်စု၊ မြိုချောင်းရွာက ဦးကျော်စိန်(၆၅ နှစ်)၏ နီအိမ်နန့် ဒေါ်မဲခိုင်(၆၂နှစ်)၏ နီအိမ် မီးလောင်မှုဖြစ်ကာ ပြာကျလားသည်။
၇။ ၂၃ – ၇ – ၂၀၂၃(တလင်းဂနီ)
မြန်မာပြည်ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅(က) နန့် ထောင်ဒဏ် ၂ နှစ်ချမှတ်ထားသည့် သံတွဲခရိုင် ထွေအုပ် စာရီး ဦးဝင်းမောင်မောင်ဖြိုး(၃၄ နှစ်)ကို ကျန်ဟိနီသည့် ပုဒ်မ ၁၇(၁) အတွက် ဂျူလိုင် ၂၁ ရက်နိက သံတွဲမြို့နယ်တရားရုံးတွင် ရုံးထုတ်ခပြီး လာမည့် ဩဂတ်စ် ၄ ရက်နိ သို ရုံးထပ်ချိန်းလိုက်သည်။
