
APM ၊ ဂျူလိုင် ၂၄ / ၂၀၂၃
ရက္ခိုင်တွင် ဂျူလိုင် ၂၀ နန့် ၂၁ ရက်နိ နှစ်ရက်အတွင်း ရီမြုပ်သီဆုံးလူ ၄ ယောက်အထိဟိခကြောင်းသိရသည်။
အဆိုပါ ရီမြုပ်သီဆုံးသူများမှာမြောက်ဦးမြို့နယ်ကတယောက်၊ ပေါက်တောမြို့နယ်က နှစ်ယောက်နန့် မင်းပြားမြို့နယ်က တယောက်ဖြစ်သည်။
မြောက်ဦးမြို့နယ်ကသီဆုံးခသူမှာ အသက် ၅၀ ကျော်အရွယ်သက်ကြီးပိုင်းအမျိုးသားတယောက်ဖြစ်ပြီး သူသည် ဂျူလိုင် ၂၁ ရက်နိက မိသားစု ၅ ယောက်နန့် တတူ မင်းပြားမြို့နယ်သို့ လားရောက်စဉ် ဘုတ်မြုပ်ရာ ရီမြုပ် သီဆုံး ခရသည်။
ပေါက်တောမြို့နယ်က နှစ်ယောက်မှာတော့ ဆယ်ကျော်သက်အရွယ်လူငယ်များဖြစ်ကာ ဂျူလိုင် ၂၀ ရက်နိက ဘောလုံး ကဇတ်ရန် လားရာမှ ရီတွင်းထဲသို့ပြုတ်ကျ ရီမြုပ်သီဆုံးခခြင်းဖြစ်သည်။
ယင်းအပြင် မင်းပြားမြို့နယ်က တယောက်သည်လေ့ အသက် ၈၀ ကျော် အရွယ်အမျိုးသားတယောက်ဖြစ်ပြီး အိမ်က ပျောက်ဆုံးလာပြီးနောက် ရီမြုပ်သီးဆုံးလားခခြင်းဖြစ်ကာ အလောင်းကို ဂျူလိုင် ၂၀ ရက်နိက ရှာတွိခသည်။
ရက္ခိုင်တွင် မိုးဦးကာလ၌ မြစ်/ချောင်းများ၌ လိုင်း၊ လီကြီးတတ်၍ ဒေသခံတချို့မကြာမကြာ လောင်း၊ စက်လှီများနစ်မြုပ် ကာ အသက်သီဆုံးမှုများဟိသည်။
ယင်းအပြင် ကျေးရွာအနားပတ်ဝန်းကျင်များဟိ အင်း၊အိုင်များ၌လေ့ အချေသူငယ်များမှာ ရီကဇတ်ရာမှ ရီနစ်မြုပ်မှုဖြစ်၍ အသက်သီဆုံးမှုများမကြာမကြာဖြစ်ပွားလိဟိနီကြောင်းသိရသည်။


