APM၊ ဂျူလိုင် ၂၄/ ၂၀၂၃
အင်ဒိုနီးသျှားနိုင်ငံဟိ ဆူလာဝေစီကျွန်းတွင် ဒေနိ(ဂျူလိုင် ၂၄ရက်)နိ မိုးထအစောပိုင်းက ကူးတို့သင်္ဘောတစင်း နစ်မြုပ်မှုဖြစ် ၍ လူ ၁၅ယောက် သီဆုံးကာ ၁၉ယောက် ပျောက်ဆုံးနီကြောင်း အာဏာပိုင်များက ပြောကြားသည်။
ခရီးသည် ၄၀လိုက်ပါလာသည့် အဆိုပါကူးတို့သင်္ဘောသည် ဒေသစံတော်ချိန် ၄ နာရီလောက်က နစ်မြုပ်ခခြင်းဖြစ်ပြီး ပျောက်ဆုံးနီသူ ၁၉ ယောက်ကို ဆက်လက် ရှာဖွီနီကြောင်း အင်ဒိုနီးသျှား အမျိုးသား ရှာဖွီကယ်ဆယ်ရီး အေဂျင်စီက ပြောသည်။
သင်္ဘောနစ်မြုပ်မှုတွင် ခရီးသည် ၁၅ ယောက်သီဆုံးပြီး ၆ယောက်ကို ကယ် ဆယ်နိုင်ခကာ ဆီးရုံများသို့ ပို့ဆောင်ကုသပီးနီ ကြောင်း အဆိုပါအေဂျင်စီက ဆိုသည်။
ရှာဖွီကယ်ဆယ်ရီးလုပ်ငန်းကို နှစ်ပိုင်းခွဲပြုလုပ်လားရန်စီစဉ်နီပြီး ပထမအဖွဲ့သည် သင်္ဘောနစ်မြုပ်သည့်နီရာကို ရီငုပ်ရှာဖွီ မည်ဖြစ်ကာ ဒုတိယအဖွဲ့သည် ကယ်ဆယ်ရီးဘုတ်များနန့် သင်္ဘောနစ်မြုပ်သည့်နီရာအနားတဝိုက်တွင် ရှာဖွီခြင်းများ ပြုလုပ် လားမည်ဟု တောင်ဆူလာဝေစီကျွန်းဟိ ကန်ဒါရီမြို့မှ ရှာဖွီကယ်ဆယ်ရီးအကြီးအကဲ မိုဟာမက် အရာဖတ်ချ်က ပြောဆို သည်။
ကျွန်းပေါင်း ၁၇၀၀၀ ကျော်ဟိပြီး ကမ္ဘာ့အကြီးဆုံးကျွန်းစုနိုင်ငံဖြစ်သည့် အင်ဒိုနီးသျှားတွင် ကူးတို့သင်္ဘောနစ်မြုပ်မှုများ မကြာမကြာဖြစ်ပွားလိဟိပြီး ကုန်ခသည့် ၂၀၁၈ခုနှစ်ကလေ့ တိုဘာကျွန်းတွင် ကူးတို့သင်္ဘောနစ်မြုပ်၍ လူ ၁၉၂ ယောက် သီဆုံးခ သိမ့်သည်။
Source – At least 15 dead after ferry sinking in Indonesia
Photo – AP