APM ၊ ဂျူလိုင် ၂၄ / ၂၀၂၃
နယူးကာဆယ်အသင်းသည် တန်းဆင်းလားရသည့် လက်စတာစီးတီးအသင်းမှ တိုက်စစ်ကစားသမား ဟာဗေးဘားနက်စ်ကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သက်ဆိုရာအသင်းများမှ ဂျူလိုင် ၂၃ ရက်နိတွင် အတည်ပြုသည်။
ဗြိတိန်မီဒီယာများ၏ ဖော်ပြချက်အရ အသက် ၂၅ နှစ်အရွယ် အင်္ဂလန်လက်ရွီးစင်အတွက် နယူးကာဆယ်မှ ပေါင် ၃၉ သန်း (ဒေါ်လာ ၅၀.၁၃ သန်း) ပီးဆောင်ခရသည်ဟု ဆိုသည်။
“သူက သန်မာ မြန်ဆန်ပနာ နည်းစနစ်ပိုင်းအရ အထူးကောင်းရေ ကဇတ်သမားပါ။ ဂိုးတိသွင်းဖို့အတွက်လေ့ သူ့မှာ ခြီစွမ်းဟိပါရေ။ လာဖို့ ရာသီမှာ အသင်းအတွက် အထောက်အကူပီးနိုင်ပါဖို့” ဟု နယူးကာဆယ်နည်းပြ အက်ဒီဟောင်း ကဆိုသည်။
ဘားနက်စ် သည် လက်စတာစီးတီး အကယ်ဒမီထွက် ကဇတ်သမားတယောက်ဖြစ်ပြီးပြီးခသည့် ရာသီက ပရီးမီးယားလိဂ်သွင်းဂိုး ၁၃ ဂိုး သွင်းယူပီးနိုင်ခကေလေ့ ပရိးမီးယားလိဂ်မှ ချန်ပီယံသျှိသို့ တန်းဆင်းလားခရသည်။
နယူးကာဆယ်အသင်းသည် ပြီးခသည့်ရာသီက အဆင့် (၄) ဝင်နိုင်ခပြီး နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့် ရဟိထားသည်။
Source- Newcastle signed Leicester striker Barnes/Reuters
Photo- Newcastle United