APM၊ ဂျူလိုင် ၂၄/၂၀၂၃
မုန်တိုင်းဒဏ်ကြောင့် ထီးတော်မြီခလားရသည့် သမိုင်းဝင် ကျောက်တော်တောင်စေတီ ထီးတော်တင်ရန် အလှူတော်ငွေ ကျပ်သိန်း ၃၅ဝလိုအပ်နီသိမ့်ကြောင်း သိရသည်။
ထီးတော်သစ်တင်ရန် ကျပ်သိန်း ၁၇၀၊ ထီးတော်သစ် တင်မည့်မြန်းကိုသံဖြင့်ပြုလုပ်ရန် ကျပ်သိန်း ၁၀၀ ၊ ထီးတော်သစ် တင်ပွဲကျင်းပရန် ကျပ်သိန်း ၁၀၀ နန့် ရွှီသင်္ကန်းကပ်လှူရန် ကျပ်သိန်း ၁၅၀၊ စုစုပေါင်းကျပ်သိန်း ၅၂ဝ လိုအပ် လျက်ဟိရာ ထီးတော်သစ်အတွက်ကျပ်သိန်း ၁၇ဝ ကို အ ယင်ထီးအလှူသျှင်များမှ ထည့်ဝင်လှူဒါန်းမည်ဟုကတိပြုထားသဖြင့် ကျန်ကျပ်သိန်း ၃၅၀ ကိုလိုအပ်နီကြောင်း စေတီဂေါပကအဖွဲ့မှ နိရဉ်စရာသတငျးဌာနသို့ ပြောကြားထားသည်။
အဆိုပါ မြီခလားသည့် ထီးတော်မှာ ၂၀၁၇ ခုနှစ်က အများပြည်သူစုပေါင်း၍ လှူဒါးပူဇော်ထားခြင်းဖြစ်ပြီး၊ မေ ၁၄ ရက်နိ တွင် တိုက်ခတ်ခသော Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် စေတီထီးတော်နန့် စိန်ဖူးတော် မြီခလားရပြီး နတ်လမ်းနန့် စောင်းတန်းများပါ ပျက်စီးခရသည်။
လက်ဟိတွင် စေတီတော်မြတ်၏ ထီးတော်သစ်တင်လှူပူဇော်နိုင်ရန် ဂျူလိုင်၂၃ ရက်နိ မွန်းလွဲပိုင်းက ကျောက်တော်မြို့၌ ကော်မတီတရပ်ကို ဖွဲ့စည်းခပြီး ယင်းကော်မတီက လာမည့် တန်ဆောင်မုန်းလပြည့်မတိုင်မီ ထီးတော်တင်နိုင်ရီး ကြိုးပမ်း လားမည်ဟု သိရသည်။
မဟာသက္ကရာဇ် ၁၂၃ ခုနှစ်တွင် ဗုဒ္ဓဘုရားသျှင်သည် ဓညဝတီရက္ခိုင်ပြည်သို့ ကြွချီတော်မူလာပြီး ကျောက်တော်တောင် ထက်၌ ဆင်းသက်ရပ်နားတော်မူခသည်ဟု ရက္ခိုင်ရာဇဝင် သမိုင်းမှတ်တမ်းများက ဆိုထားသည်။