
APM ၊ ဂျူလိုင် ၂၄ / ၂၀၂၃
တရုတ်နိုင်ငံ၏ အရှိဖက်ကန်းရိုးတန်းပြည်နယ်ဖြစ်သည့် ကျဲ့ကျန်းပြည်နယ်မှ ကျေးရွာတရွာတွင် ဂျူလိုင် ၂၃ရက်နိက မိုးကြီး၍ ရီကြီးမြီပြိုမှုများဖြစ်ကာ လူ ၅ယောက် သီဆုံးပြီး ၃ယောက်ပျောက်ဆုံးနီကြောင်း သိရသည်။
ဟန်ကျိုးမြို့ဟိ ကျေးရွာတရွာတွင် ဂျူလိုင် ၂၂ရက်နိ၊ ညဇာပိုင်းမှစ၍ ရီကြီးမြီပြိုမှုများဖြစ်ပွားကာ ၅ ယောက် သီဆုံးပြီး ၃ယောက် ပျောက်ဆုံးနီသည့်အပြင် လူပေါင်း ၁၅၀၀ကျော်ကိုလေ့ ဖီးလွတ်ရာသို့ ရွှိပြောင်းပီးခရသည်ဟု တရုတ်အမျိုးသား ရေဒီယိုက ကြေညာသည်။
ယင်းအပြင် မိုးရွာသွန်းမှုကြောင့် တောင်မြီပြိကျမှုများ၊ ရွှံ့မြီပြိုကျမှုများ တောက်လျှောက်ဖြစ်ပွားပြီး နီရာအနှံ့အပြားတွင် မီးပြတ်တောက်မှုများဖြစ်ပေါ်ကာ အိမ်ထောင်စု ၁၆၀၀ကျော် မီးပြတ်တောက်ခကြောင်း CCTV သတင်းဌာနက ဖော်ပြသည်။
တရုတ်နိုင်ငံ၏ ဒေသအများအပြားတွင် ဒေဂုလအတွင်း မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် ရီကြီးမြီပြိုမှုများအတွင်း လူအသီ အပျောက်များပြားနီပြီး ဒေဂုလအစောပိုင်းကလေ့ ချုံချင့်မြို့တွင် ရီကြီး၍ အနည်းဆုံး လူ ၁၅ယောက် သီဆုံးခသည်။
CCTV သတင်းဌာနက ဂျူလိုင် ၂၃ရက်နိဖော်ပြချက်အရ မိုးကြီးရီကြီးမှုကြောင့် နိုင်ငံ၏ အရှိမြောက်ပိုင်း လျောင်းနင်ပြည်နယ်တွင် အိမ်ခြီ ၃၀လောက်ပျက်စီးလားပြီး လူပေါင်း ၅,၆၀၀ကို ဖီးလွှတ်ရာသို့ ရွှိပြောင်းပီးခရကာ သီးနှံစိုက်ခင်း ၅၄ ဟတ်တာ ပျက်စီးခကြောင်း သိရသည်။
အလားတူ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘီပြည်နယ်တွင်လေ့ မိုးကြီးရီကြီးမှုအတွင်း ဒေသခံတချို့ မော်တော်ယာဉ်များနန့် နီအိမ်များတွင် ပိတ်မိခကတ်ပြီး ချန်းနင်းမြို့တွင် လူပေါင်း ၂၂၀ လောက်ကို အာဏာပိုင်များက ကယ်ဆယ်ခရကြောင်း နိုင်ငံပိုင် People’s Daily မီဒီယာက ဖော်ပြခသည်။
တရုတ်နိုင်ငံတွင် ကုန်ခသည့် ၂၀၂၁ ခုနှစ်ကလေ့ အလယ်ပိုင်း ဟီနန်ပြည်နယ်၌ မိုးကြီးရီကြီးမှုကြောင့် လမ်းမများမှာ မြစ်ချောင်းများပိုင် နစ်မြုပ်လားခကာ လူ ၃၀၀ကျော် ရီမြုပ်သီဆုံးခရသည်။
Source – Flooding and a landslide in eastern China leave 5 dead and 3 missing / AP
Photo AFP
