APM၊ ဂျူလိုင် ၂၄/ ၂၀၂၃
ပါကစ္စတန်နိုင်ငံတွင် ပြီးခသည့် ဂျုန်လ ၂၄ ရက်နိမှစ၍ မိုးပြင်းပြင်းထန်ထန်ရွာသွန်းမှုကြောင့် ရီကြီးမှုနန့် မြီပြိုမှုများ ဖြစ်ပွားနီရာ ဂျူလိုင် ၂၃ ရက်နိအထိ ၂၉ ရက်အတွင်း သီဆုံးသူ ၁၃၃ယောက်ဟိလာကြောင်း အာဏာပိုင်များက ပြောကြားသည်။
ဂျူလိုင် ၂၃ရက်နိက ခိုင်ဘာပတ်ခ်တန်ခွာ ပြည်နယ်ဟိ ချိတ်ထရိုခရိုင်၊ ဒဲယားခရိုင်နန့် ဘတ်တာဂရမ်ခရိုင်များတွင် မိုးပြင်းပြင်းထန်ထန်ရွာသွန်းခြင်းနန့် မြီပြိုခြင်းများ ထပ်မံဖြစ်ပွားခပြီး လူသီဆုံးမှုများ ထပ်မံတိုးလာခြင်းဖြစ် သည်။
ဂျူလိုင် ၂၃ ရက်နိတရက်တည်းမှာ မိုးကြီးရီကြီးမှုများကြောင့် ခိုင်ဘာ ပတ်ခ်တန်ခွာပြည်နယ်တွင် လူ ၉ယောက်သီဆုံးခပြီး ဘောလ်တီစတန်ပြည်နယ်တွင် မြီပြိုမှုကြောင့် မိသားစုဝင် ၄ ယောက် သီဆုံးခကြောင်း သဘာဝ ဖီးအန္တရာယ် စီမံခန့်ခွဲရီးဌာနမှ ပြောကြားသည်။
လက်ဟိတွင် မြီပြိုမှုများကြောင့် နိုင်ငံမြောက်ပိုင်း အဓိကလမ်းအများအပြား ပိတ်ဆို့နီသည့်အတွက် ခရီးလားများ သောင်တင်နီကာ တောင်ထူထပ်သည့် ဒေသများတွင် လမ်းများကို ယှင်းလင်းရန် ကြိုးပမ်းနီသည်ဟု သဘာဝဖီးအန္တရာယ် စီမံခန့်ခွဲရီးဌာန ပြောခွင့်ရ Taimur Khan က ဆိုသည်။
ဂျူလိုင်လ ပထမအပတ်ကလေ့ ပန်ဂျပ်ပြည်နယ်ဟိ အဓိကမြစ်များ ရီကြီးရီလျှံကာ ရုတ်တရက်ရီကြီးခသဖြင့် လူပေါင်း ၁၅,၀၀၀ ထက်မနည်း ထိခိုက်ခသည့် အတွက် ရီကြီးမှုများ ထပ်မံဖြစ်လာနိုင်ကြောင်း ပါကစ္စတန်မိုးလီဝသအေဂျင်စီက သတိပီးထားသည်။
ပြီးခသည့် ၂၀၂၂ခုနှစ်ကလေ့ ပါကစ္စတန်တွင် မိုးကြီးရီကြီးမှု အကြီးအကျယ်ဖြစ်ပေါ်ခရာ လူပေါင်း ၁,၇၃၉ ယောက် သီဆုံးခပြီး အမေရိကန်ဒေါ်လာ သန်း ၃၀ တန်ဖိုး ပျက်စီးဆုံးယှုံးလားကြောင်း ပါကစ္စတန်အစိုးရက ထုတ်ပြန်ထားသည်။
Source – Landslides block key roads in northern Pakistan, as the death toll from monthlong rains rises to 133
Photo – AFP