APM၊ ဂျုန် ၂၄ / ၂၀၂၃
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရာခန်း ထိန်းသိမ်းခံသည့်ဖြစ်စဉ်နန့်ပတ်သက်၍ ဖြစ်ပွားခသည့် ပဋိပက္ခများအတွင်း လူပေါင်း ၂၂၀၀ ကျော်ကို ဖမ်းဆီးထိမ်းသိမ်းထားကြောင်း အာဏာပိုင်များက ဂျုန် ၂၃ရက်နိတွင် ထုတ်ပြန်သည်။
ပဋိပက္ခများအတွင်း အကြမ်းဖက်မှုများ၊ ဖမ်းဆီးမှုများနန့် ပတ်သက်၍ ပါကစ္စတန်၊ ပန်ဂျပ်ပြည်နယ်အစိုးရက အစီရင်ခံစာ ထုတ်ပြန်ရာ၌ လူပေါင်း ၂,၂၅၈ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး ၂၁ ယောက်ကို ထောင်ဒဏ်များချမှတ်ထားကာ လူ ပေါင်း ၃၀၀၀ ကျော်ကို အာမခံနန့် ပြန်လွတ်ပီးခသည်ဟုဆိုသည်။
ပဋိပက္ခများကြောင့် နိုင်ငံတဝန်း အကြမ်းဖက်မှုပေါင်း (၂၉၈) ကြိမ်ဖြစ်ပွားခပြီး ပန်ဂျပ်ပြည်နယ်ဟိ စစ်ဌာနချုပ် အပါအဝင် စစ်ဖက်ဆိုင်ရာ အဆောက်အအုံများနန့် နိုင်ငံတော် အဆောက်အအုံ ၂၀ ကျော် မီးတိုက်ဖျက်ဆီးခြင်းခံခရကြောင်းလေ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဝန်ကြီးချုပ်ဟောင်း အီမရာခန်းကို ပြီးခသည့် မေ ၉ ရက်နိက အာဏာပိုင်များထိန်းသိမ်းခပြီးနောက် ပါကစ္စတန်တွင် သမ္မတ ဟောင်း ထောက်ခံသူများနန့် ရဲတပ်ဖွဲ့ဝင်များအကြား အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားရာ အာမခံဖြင့် ပြန် လည် လွှတ်ပီးခရကြောင်း သိရသည်။
Source – Pakistan’s Punjab government submits report on arrests during violence after Imran Khan’s arrest
Photo – AFP