APM ၊ ဂျုန် ၂၄ / ၂၀၂၃
မုန်တိုင်းကြောင့် စခန်းတခုလုံးပျက်စီးခရသည့် ကျောက်တော်မြို့၊စီအိုစီ စစ်ဖီးယှောင်တွင်မိုးရာသီသို့ရောက်လာ၍ နီထိုင် စားသောက်ရီးအဆင် ပြေစီရီးအတွက် အမိုးအကာနန့် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နီကြောင်း သိရသည်။
ယင်းစစ်ဖီယှောင်စခန်းတွင်အိမ်ထောင်စု ၁၂၆ စု၊ လူဦးရေ ၄၀၉ယောက် နီထိုင်ကတ်ပြီး မေ ၁၄ ရက်နိကတိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် နီအိမ်အားလုံး ပျက်စီးဆုံးယှုံးခရကြောင်း စစ်ဖီးယှောင်များက ပြောသည်။
လက်ဟိ မုန်တိုင်းတိုက်ခတ်ပြီးတလကျော်ကြာသည့်အချိန်ထိ ယင်းစခန်း၌ နီအိမ်များကို ပြန်မပျင်နိုင်သိမ့်ဘဲ အိမ်အပြို အပျက်များထဲမှ သုံးလို့ရသည်များကို ပြန်သုံးလျက် ယာယီတဲထိုးနီထိုင်နီကတ်ရသည်ဟု ဆိုသည်။
ယင်းအပြင် အရေးပေါ်အကူညီလာရောက် ပီးအပ်သည်များနည်းပါးနီ၍ စားနပ်ရိက္ခာများပြတ်လပ်ကာ စားသောက်ရီး အခက်အခဲများလေ့ ဆိုးဆိုးဝါးဝါးကြုံနီကတ်ရကြောင်း သိရသည်။
Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် စီအိုစီ စစ်ဖီးယှောင်စခန်းအပါ အဝင် ရက္ခိုင်ပြည်မြို့နယ်အသီးသီးဟိ မုန်တိုင်းသင့် စစ်ဖီးယှောင်များမှာ လက်ဟိ ကူညီကယ်ဆယ်ရီး အထောက်ပံ့ရဟိမှုနည်းပါးနီကာ ပြန်လည်ထူထောင်ရီး အခက်ကြုံနီ ကတ်ရကြောင်းလေ့ သိရသည်။