APM၊ ဂျုန် ၂၄/၂၀၂၂
စစ်ကောင်စီ၏ လူဖမ်းပွဲကျင်းပနီခြင်းမှာ ရက္ခိုင်ပြည်သူလူထုတရပ်လုံး၏ လူမှုစီးပွားဘဝကို ဖျက်ဆီးနီခြင်းဖြစ်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက ပြောဆိုလိုက်သည်။
ဒေရက်ပိုင်းအတွင်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး အပါအဝင် ရက္ခိုင်ပြည်မြို့နယ်တချို့မှာ စစ်ကောင်စီတပ်က ဒေသခံအပြစ်မဲ့ပြည်သူများကို ဥပဒေမဲ့ မတရားဖမ်းဆီးနှိပ်စက်ခြင်းများ ဆက်တိုက်ပြုလုပ်နီ ခြင်းနန့် ပတ်သက်၍ APM မှ မိန်းမြန်းရာ၌ ဦးခိုင်သုခက အဂုပိုင် ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
စစ်ကောင်စီ၏လူဖမ်းပွဲနန့်ပတ်သက်၍ ဦးခိုင်သုခက “လက်နက်ကိုင်အချင်းချင်းကိုယ့်လူကိုဖမ်းလို့ သူ့လူကိုဖမ်းရေ ဆိုစွာကတော့ခါ ဖြစ်ရိုးဖြစ်စဉ်တခုရာလို့ ပြောလိုပါရေ။ ယေကေလေ့ မြန်မာစစ်တပ်အနီနန့် ဒေရက်ပိုင်းမှာ ရက္ခိုင် ပြည်အနှံ့က မြို့တိရွာတိကိုဝင်ပြီးကေ မတရားဖမ်းဆီး နှိပ်စက်၊ ပြည်သူတိကို အကြောက်တရားတိ လွှမ်းမိုးအောင်၊ စိုးရိမ်သောကတိများအောင်ခြိမ်းခြောက်အကျပ်ကိုင်မှုတိ၊ယင်းပိုင်လုပ်နိစွာတိကတော့ခါ ပြည်သူတိအပေါ်မှာ လက်နက်အားကိုးနန့် အကြမ်း ဖက်အနိုင်ကျင့်ရေ အကြမ်းဖက်မှုတိဖြစ်တေလို့ ကျနော့်အနီနန့် ပြောလိုပါရေ။ ဒေအကြမ်းဖက်မှုတိစွာ ဒေသတွင်းတည်ငြိမ်မှုကို ပျက်ပြားအောင် ရည်ရွယ်ချက်ဟိဟိနန့် လုပ်နီစွာတိဖြစ်တေပိုင် တဖက်မှာ ရက္ခိုင်ပြည်သူလူထုတရပ်လုံး၏ လူမှုစီးပွားဘဝတိကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနီစွာလို့လေ့ ကျနော်ရို့ မြင်ပါရေ”ဟု APM သို့ ပြောသည်။
ယင်းလုပ်ရပ်များသည်စစ်ကောင်စီမှရက္ခိုင်လူထုအပေါ်တွင် ကျူးလွန်သောရာဇဝတ်မှုများဖြစ်ပြီး ယင်းလုပ်ရပ်များအတွက် စစ်ကောင်စီတပ်ဖက်က တာဝန်ယူမှု၊ တာဝန်ခံမှုတိ ဟိလာအောင် ကျူးလွန်သူတယောက်ချင်းစီကို အရေးယူအပြစ်ပီးနိုင်ရီး နိုင်ငံတကာအသိုင်းအဝိုင်းနန့် လက်တွဲကာ ကြိုးစားလားမည်ဟုလေ့ သူကဆိုသည်။
ယင်းအပြင် “မြန်မာစစ်တပ်ကို ပြောလိုစွာကတော့ခါ မတော်လှန်စီချင်ကေ မဖိနှိပ်ကေ့လို့ ကျနော်ရို့ အကြိမ်ကြိမ် ပြောထားပြီးဖြစ်ပါရေ။ ယင်းကြောင့် ဘိုးတော်ဘုရားလက်ထက်က အတွေးအခေါ်တိကို ဖျောက်ပြီးကေ ဖိနှိပ်မှုတိ ကိုရပ်ပါ။ မတရားဖိနှိပ်ခြင်းရေ ပြင်းထန်ရေ တော်လှန်ခြင်းနန့်ရာ ရင်ဆိုင်ရပြီးကေ အဆုံးသတ်ရဖို့ဖြစ်တေဆိုစွာကို မြန်မာစစ်ဂေါင်းဆောင်တိကိုသတိပီးလိုရေ။ယင်းကြောင့် မြန်မာစစ်တပ်အနီနန့်ရက္ခိုင်သမိုင်း၏ဖြစ်တည်မှုနန့် ပကတိအခြေအနေတိကို အဟိအတိုင်း လက်ခံပြီးကေ ကိုယ့်နီရာကို ကိုယ်ပြန်နီစွာက ငြိမ်းချမ်းရီးကို ပိုပြီးကေ အထောက်အကူပြုလိမ့်မေလို့ ကျနော့်အနီနန့် ပြောလိုပါရေ” ဟုလေ့ ဦးခိုင်သုခက ဆက်လက်ပြောကြားသည်။
ယင်းနည်းတူ “ရက္ခိုင်ပြည်သူများအနီနန့် ဒေရက်ပိုင်းမှာ အလားအလာ ဆင်ခြင်ကတ်ဖို့၊ စစ်ကောင်စီတပ်ဟိသည့် နီရာ၊ စစ်ကောင်စီတပ်စခန်းနားသို့ မလားဖို့နန့် မိုင်းအန္တရာယ်ဟိသော နီရာများဖြစ်သည့် စစ်ကောင်စီတပ်စခန်းချခသော နီရာဟောင်း များ၊ မကြာသိမ့်ခင်က စစ်ကောင်စီတပ် စခန်းချနီခသော နီရာများသို့ မလားကတ်ဖို့”ကိုလေ့ ULA/AA ပြန်ကြားရီးတာဝန်ခံက အထူးသတိပီး ပြောကြားလားခသည်။
(Zawgyi)
စစ္ေကာင္စီ၏ လူဖမ္းပြဲက်င္းပနီျခင္းမွာ ရကၡိဳင္ျပည္သူလူထုတရပ္လုံး၏ ဘဝကို ဖ်က္ဆီးနီျခင္းျဖစ္ဟု AA ေျပာ
APM၊ ဂ်ဳန္ ၂၄/၂၀၂၂
စစ္ေကာင္စီ၏ လူဖမ္းပြဲက်င္းပနီျခင္းမွာ ရကၡိဳင္ျပည္သူလူထုတရပ္လုံး၏ လူမႈစီးပြားဘဝကို ဖ်က္ဆီးနီျခင္းျဖစ္ သည္ဟု ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ရကၡိဳင့္တပ္ေတာ္(ULA/AA) ျပန္ၾကားရီးတာဝန္ခံ ဦးခိုင္သုခက ေျပာဆိုလိုက္ သည္။
ေဒရက္ပိုင္းအတြင္း စစ္ေတြ၊ ပုဏၰားကြၽန္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦး အပါအဝင္ ရကၡိဳင္ျပည္ၿမိဳ႕နယ္တခ်ိဳ႕မွာ စစ္ေကာင္စီတပ္က ေဒသခံအျပစ္မဲ့ျပည္သူမ်ားကို ဥပေဒမဲ့ မတရားဖမ္းဆီးႏွိပ္စက္ျခင္းမ်ား ဆက္တိုက္ျပဳလုပ္နီ ျခင္းနန႔္ ပတ္သက္၍ APM မွ မိန္းျမန္းရာ၌ ဦးခိုင္သုခက အဂုပိုင္ ျပန္လည္ေျဖၾကားျခင္းျဖစ္သည္။
စစ္ေကာင္စီ၏လူဖမ္းပြဲနန႔္ပတ္သက္၍ ဦးခိုင္သုခက “လက္နက္ကိုင္အခ်င္းခ်င္းကိုယ့္လူကိုဖမ္းလို႔ သူ႔လူကိုဖမ္းေရ ဆိုစြာကေတာ့ခါ ျဖစ္႐ိုးျဖစ္စဥ္တခုရာလို႔ ေျပာလိုပါေရ။ ေယေကေလ့ ျမန္မာစစ္တပ္အနီနန႔္ ေဒရက္ပိုင္းမွာ ရကၡိဳင္ ျပည္အႏွံ႔က ၿမိဳ႕တိ႐ြာတိကိုဝင္ၿပီးေက မတရားဖမ္းဆီး ႏွိပ္စက္၊ ျပည္သူတိကို အေၾကာက္တရားတိ လႊမ္းမိုးေအာင္၊ စိုးရိမ္ေသာကတိမ်ားေအာင္ ၿခိမ္းေျခာက္အက်ပ္ကိုင္မႈတိ၊ ယင္းပိုင္လုပ္နိစြာတိကေတာ့ခါ ျပည္သူတိအေပၚမွာ လက္နက္အားကိုးနန႔္ အၾကမ္းဖက္အႏိုင္က်င့္ေရ အၾကမ္းဖက္မႈတိျဖစ္ေတလို႔ က်ေနာ့္အနီနန႔္ ေျပာလိုပါေရ။ ေဒအၾကမ္းဖက္မႈတိစြာ ေဒသတြင္းတည္ၿငိမ္မႈကို ပ်က္ျပားေအာင္ ရည္႐ြယ္ခ်က္ဟိဟိနန႔္ လုပ္နီစြာတိျဖစ္ေတပိုင္ တဖက္မွာ ရကၡိဳင္ျပည္သူလူထုတရပ္လုံး၏ လူမႈစီးပြားဘဝတိကို ဖ်က္ဆီးပစ္ဖို႔ ႀကိဳးစားနီစြာလို႔ေလ့ က်ေနာ္႐ို႕ ျမင္ပါေရ”ဟု APM သို႔ ေျပာသည္။
ယင္းလုပ္ရပ္မ်ားသည္ စစ္ေကာင္စီမွ ရကၡိဳင္လူထုအေပၚတြင္ က်ဴးလြန္ေသာ ရာဇဝတ္မႈမ်ားျဖစ္ၿပီး ယင္းလုပ္ရပ္ မ်ားအတြက္ စစ္ေကာင္စီတပ္ဖက္က တာဝန္ယူမႈ၊ တာဝန္ခံမႈတိ ဟိလာေအာင္ က်ဴးလြန္သူတေယာက္ခ်င္းစီကို အေရးယူ အျပစ္ပီးႏိုင္ရီး ႏိုင္ငံတကာအသိုင္းအဝိုင္းနန႔္ လက္တြဲကာ ႀကိဳးစားလားမည္ဟုေလ့ သူက ဆိုသည္။
ယင္းအျပင္ “ျမန္မာစစ္တပ္ကို ေျပာလိုစြာကေတာ့ခါ မေတာ္လွန္စီခ်င္ေက မဖိႏွိပ္ေက့လို႔ က်ေနာ္႐ို႕ အႀကိမ္ႀကိမ္ ေျပာထားၿပီးျဖစ္ပါေရ။ ယင္းေၾကာင့္ ဘိုးေတာ္ဘုရားလက္ထက္က အေတြးအေခၚတိကို ေဖ်ာက္ၿပီးေက ဖိႏွိပ္မႈတိ ကိုရပ္ပါ။ မတရားဖိႏွိပ္ျခင္းေရ ျပင္းထန္ေရ ေတာ္လွန္ျခင္းနန႔္ရာ ရင္ဆိုင္ရၿပီးေက အဆုံးသတ္ရဖို႔ျဖစ္ေတဆိုစြာကို ျမန္မာစစ္ေဂါင္းေဆာင္တိကို သတိပီးလိုေရ။ ယင္းေၾကာင့္ ျမန္မာစစ္တပ္အနီနန႔္ ရကၡိဳင္သမိုင္း၏ ျဖစ္တည္မႈနန႔္ ပကတိ အေျခအေနတိကို အဟိအတိုင္း လက္ခံၿပီးေက ကိုယ့္နီရာကို ကိုယ္ျပန္နီစြာက ၿငိမ္းခ်မ္းရီးကို ပိုၿပီးေက အေထာက္အကူျပဳလိမ့္ေမလို႔ က်ေနာ့္အနီနန႔္ ေျပာလိုပါေရ” ဟုေလ့ ဦးခိုင္သုခက ဆက္လက္ေျပာၾကားသည္။
ယင္းနည္းတူ “ရကၡိဳင္ျပည္သူမ်ားအနီနန႔္ ေဒရက္ပိုင္းမွာ အလားအလာ ဆင္ျခင္ကတ္ဖို႔၊ စစ္ေကာင္စီတပ္ဟိသည့္ နီရာ၊ စစ္ေကာင္စီတပ္စခန္းနားသို႔ မလားဖို႔နန႔္ မိုင္းအႏၲရာယ္ဟိေသာ နီရာမ်ားျဖစ္သည့္ စစ္ေကာင္စီတပ္စခန္း ခ်ခေသာ နီရာေဟာင္းမ်ား၊ မၾကာသိမ့္ခင္က စစ္ေကာင္စီတပ္ စခန္းခ်နီခေသာ နီရာမ်ားသို႔ မလားကတ္ဖို႔”ကိုေလ့ ULA/AA ျပန္ၾကားရီးတာဝန္ခံက အထူးသတိပီး ေျပာၾကားလားခသည္။