APM ၊ မေ ၂၄ / ၂၀၂၃
ဆိုင်ကလုန်း Mocha မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အာရက္ခအရေးပေါ်ကယ်ဆယ်ရီးနန့် ပြန်လည်နီရာချထားရီး ကော်မတီ(Cyclone Mocha ERRCA) ၏ နိုင်ငံအလိုက်တာဝန်ပီးအပ်ခံထားရသူများ နာမည်နန့် ဖုန်းနံပါတ်များကို ဒေနိ( မေ ၂၄ ရက်နိ) တွင် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အရ အမေရိကန်၊ ဆွီဒင်၊ တောင်ကိုရီးယား၊ နယ်သာလန်၊ နော်ဝေ၊ ဂျပန် ၊ ဂျာမနီ၊ ဒိန်းမတ် နန့် ဩစတြီးယား စသည့် နိုင်ငံများပါဝင်ပြီး ၊ အမေရိကန်တွင် ၄ ယောက်၊ ဆွီဒင် ၁ ယောက်၊ တောင်ကိုရီးယား ၂ ယောက်၊ နယ်သာလန် ၂ ယောက်၊ နော်ဝေ ၁ ယောက်၊ ဂျပန် ၁ ယောက်၊ ဂျာမနီ ၁ ယောက်၊ ဒိန်းမတ် ၁ ယောက်နန့် ဩစတြီးယား ၂ ယောက် အသီးသီးတာဝန်ပီးအပ်ထား သည်ကို တွိရသည်။
ယင်းအပြင် ကမ္ဘာအရပ်ရပ်တွင် ရောက်ဟိနီကတ်သော လူမျိုးဘာသာမရွီး ဇာသူမဆို ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ပြည် သူများအတွက် အဆိုပါ ပုဂ္ဂိုလ်များထံတွင် စိတ်ချယုံကြည်စွာဖြင့် ထည့်ဝင်လှူဒါန်းနိုင်ကြောင်းလေ့ ထုတ်ပြန်ချက်တွင် အ သိပီးဖော်ပြထားသည်။