
APM ၊ မေ ၂၄ / ၂၀၂၃
မုန်တိုင်းဒဏ်သင့် ရက္ခိုင်ပြည်သူများအတွက် ကယ်ဆယ်ရီးလုပ်ငန်းများဆောင်ရွက်ရန်လားစဉ် မြန်မာစစ်တပ်၏ ဖမ်းဆီးခံ ခံခရသည့် စာရွီးဆရာ ဝေဟင်အောင်နန့်အဖွဲ့ ဒေနိ(မေ၂၄ ရက်နိ)မိုးထပိုင်းက ပြန်လွတ်လာကြောင်း သိရသည်။
ပြန်လွတ်လာသူများမှာ ဆရာ ဝေဟင်အောင်၊ ၎င်း၏သမီးနန့်တပည့်၊ ရန်ကုန်မှပရဟိတသမားနှစ်ယောက် စုစု ပေါင်း ၅ ယောက်ဖြစ်ပြီး ဒေနိမိုးထ ၇ နာရီခန့်က ဆရာဝေဟင်အောင်၏ သမီးနန့် တပည့်ဖြစ်သူ ရို့ပြန်လွတ်လာကာ ဆရာဝေဟင် အောင်နန့် ကျန်နှစ်ယောက်ကိုတော့ ဒေနိနိခင်း ၁၂ နာရီလောက်တွင် ပြန်လွတ်လာသည်။
၎င်းရို့ ၅ ယောက်ကို မေ ၂၃ ရက်နိက ပုဏ္ဏားကျွန်းမြို့နယ်ဟိ မုန်တိုင်းဒဏ်သင့်ပြည် သူများကို ကယ်ဆယ်ရီး ပီးရန်လားစဉ် စစ်တွေမြို့နယ်၊ အမြင့်ကျွန်းရွာနားအရောက်တွင် မြန်မာစစ်တပ်၏ စစ်ဖက်ရီးရာ လုံခြုံရီးတပ်ဖွဲ့ (စရဖ) တပ်ဖွဲ့ဝင်များက ဖမ်းဆီးလားခခြင်းဖြစ်သည်။
ဖမ်းဆီးမှုနန့်ပတ်သက်၍ ဆရာ ဝေဟင်အောင်ရို့ကူညီကယ်ဆယ်ရီးပီးရန် စီးလားသည့် ဗိုလ်စိန်ပရဟိတကားတွင် သံသယ ဖြစ်စရာဟိ၍ ခေါ်ယူစစ်ဆီးခြင်းဖြစ်ကြောင်း စစ်ကောင်စီဖက်က ပြောဆိုထားသည်။
Photo – Wai Hun Aung Facebook
