
APM ၊ ဧပြီ ၂၄ /၂၀၂၅
တောင်ကုတ်မြို့နယ်က မြို့၊ ရွာ၊ ဒေသတချို့မာ ပြည်သူရို့ မိုင်းနန့် စစ်ကျန်လက်နက်အန္တရာယ် ကင်းဝီးစီရီးအတွက် အသိပညာပီး ဟောပြောပွဲတိကို အာရက္ခတပ်တော်(AA) ပြုလုပ်ခရေလို့ ဒေသခံပြည်သူရို့က ပြောပါရေ။
အာရက္ခတပ်တော်အနီနန့် တောင်ကုတ်မြို့နယ် တခုလုံးကို အပြီးပြတ်သိမ်းပိုက်ပြီးချိန်ကစလို့ လက်ဟိအချိန်ထိ မြီမြှုပ်မိုင်း နန့် စစ်ကျန်လက်နက်အန္တရာယ် ကင်းစင်ရီးအတွက် မိုင်းနန့် စစ်ကျန်လက်နက်အန္တရာယ်ဆိုင်ရာ အသိပညာပီး ဟောပြောပွဲတိကို လုပ်ဆောင်လာခရေလို့ ဒေသခံပြည်သူတယောက်က Arakan Princess Media သို့ ပြောပါရေ။
အသိပညာပီးဟောပြောပွဲတိအတွင်း အယင်က စစ်ကောင်စီတပ်စခန်းနီရာတိ၊ ယာယီ တပ်စွဲခရေ နီရာတိ၊ တိုက်ပွဲဖြစ်ပွားခရေနီရာတိသို့ ထင်းခြွီ၊ဟင်းရှာမလားကတ်ဖို့၊ မပေါက်ကွဲဘဲ ကျန်ဟိနီရေ မြီမြှုပ်မိုင်းတိကို မကိုင်ကတ်ဖို့၊ မိုင်းတိကို တွိပါက သက်ဆိုင်ရာ တာဝန်ဟိရေလူတိကို အသိပီး တိုင်ကြားကတ်ဖို့နန့် အချေသူငယ်တိကိုလည်း မိုင်းအန္တရာယ်ဟိရေနီရာတိအနားသို့ မလားကတ်ဖို့ ဒေသခံပြည်သူတိကို အထူးသတိပီးတိုက်တွန်းခရေလို့ သိရပါရေ။
စစ်ယှုံး စစ်ကောင်စီစွာ အာရက္ခဒေသနီ ပြည်သူလူထုရို့ လားလာရေ နီရာတိမာ ရည်ရွယ်ချက်ဟိဟိ မြီမြှုပ်မိုင်း ထောင်ပစ်ခလို့ မိုင်းနင်းမိပနာ သီဆုံး၊ ထိခိုက်ဒဏ်ရာရ၊ ကိုယ်လက်အင်္ဂါဆုံးယှုံးမှုတိဖြစ်ပေါ်ခပါရေ။
ယေဇူးနန့် အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရအနီနန့် မိုင်းနန့် စစ်ကျန်လက်နက်တိဟိနိုင်ရေ နီရာတိအနားသို့ လုံးဝ မလားလာကတ်ဖို့ ပြည်သူရို့ကို ကန့်သတ်တားမြစ်ထားရေပိုင် ယင်းတားမြစ်နီမြီတိသို့ ဝင်ထွက်လားလာမှုမဟိရအောင်လည်း စောင့်ကြည့်မှုတိကို လုပ်ဆောင်လို့ဟိပါရေ။
ယင်းအပြင် တော်လှန်ရီးအစိုးရစွာ မိုင်းအန္တရာယ် သတိပီးချက်တိကို အစဉ်တစိုက်ထုတ်ပြန်ခရေပိုင် မြီပြင်မာလည်း မြီမြှုပ်မိုင်းအန္တရာယ် အသိပညာပီး ဟောပြောပွဲတိလုပ်ဆောင်စွာ၊ ပညာပီးလက်ကမ်းစာစောင်တိဖြန့်ဝီစွာ၊ မိုင်းအန္တရာယ်ဆိုင်ရာ ဆိုင်းဘုတ်တိ စိုက်ထူစွာ၊မိုင်းနန့်စစ်ကျန်လက်နက်ယှင်းလင်းရီးလုပ်ငန်းတိကို တစိုက်မတ်မတ်လုပ်ဆောင်နီကြောင်းလည်း သိရပါရေ။
ယင်းပိုင် အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရက မိုင်းအန္တရာယ်ကင်းစင်ရီးအတွက် နည်းမျိုးစုံနန့်အင်တိုက် အားတိုက် ကြိုးပမ်းနီကေလေ့ ပြည်သူတချို့စွာ လိုက်နာမှု အားနည်းရေ အတွက် မြို့နယ်တချို့မာ ဂနိထက် တိုင် မြီမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်သီဆုံးမှုတိ ဆက်လက်ဖြစ်ပေါ်နီသိမ့်ကြောင်းလည်း သိဟိရပါရေ။
ပုံစာ- ၂၀၂၅ ခုနှစ် ဧပြီ ၂၂ ရက်နိက တောင်ကုတ်မြို့နယ်က ရပ်ရွာတချို့တွင် အာရက္ခတပ်တော်မှ မိုင်းအန္တ ရာယ်ပညာပီးဟောပြောပွဲလုပ်နီသည်ကို တွိရစဥ်(Arakan Princess Media)။


