(ဧပြီ ၁၇ ရက်နိ မှ ၂၃ ရက်နိ အထိ)
၁။ ၁၇ – ၄ – ၂၀၂၃ (တလင်းလာ)
(၁) ရက္ခိုင်အမျိုးသားအဖွဲချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)မှ ကြီးမှူးကျင်းပသည့် မြောက်ဦးမြို့ နယ်၊လေးမြို့ ချောင်း ဒုတိယအကြိမ်မြောက် ရက္ခိုင်သင်္ကြန်ပွဲတော်ကို နက်ဖြန် ဧပြီ ၁၈ ရက်နိ မှ ၂၀ ရက်နိအထိ ၃ ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ဆင်ယင်ကျင်းပလားမည်။
(၂) စစ်တွေမတွင် သင်္ကြန်အကြို(ဧပြီ ၁၃ ရက်နိ) ကနီ သင်္ကြန်အတက်(ဧပြီ ၁၆ ရက်)နိအထိ ၄ ရက်အတွင်း ယာဉ်မတော် တဆမှု ၂၀ ထက်မနည်းဖြစ်ပွားခပြီး ထိခိုက်ဒဏ်ရာရသူ ၂၁ ယောက်ထက်မနည်းဟိကြောင်း လူမှုကူညီရေး အသင်းများ၏ စာရင်းအရ သိရသည်။
(၃) စစ်ကောင်စီ လွတ်ငြိမ်းခွင့်ဖြင့် စစ်တွေ နန့် ဘူးသီးတောင်အကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ ၁၄၁ ယောက် လွတ်မြောက်လာပြီး ယင်းအထဲ၌ မတရားသဖြင့်အကျဉ်းကျခံနီရသည့် နိုင်ငံရီးအကျဉ်သား တဦး တယောက်မျှ မပါ ဝင်ကြောင်း သိရသည်။
(၄) ရာစုနှစ်နန့်ချီ၍ နှစ်စဉ်နှစ်တိုင်းအစဉ်အလာမပျက်ကျင်း ပလာခသည့် ရမ်းဗြဲ မြို့နယ် ကန်ဒိုင်းတိုက်နယ်က ရှေးဟောင်း သမိုင်းဝင် နားမွီးတော်ဓာတ်,ဓာတ်တက်ပွဲတော်ကို ဧပြီ ၁၇ ရက်နိ(နှစ်ဆန်းတရက်နိ) မိုးထကပင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခသည်။
(၅) မြိုတော်စစ်တွေတွင် နှစ်စဉ်နှစ်တိုင်းအစဉ်အလာမပျက် ဧပြီ ၁၇ (နှစ်ဆန်း ၁ရက်)နိ၌ ကျင်းအလိဟိသည့် (၅၉) ကြိမ်မြောက် မြို့လုံးကျွတ် သက်ကြီး ပူဇော်ပွဲ ကျင်းပပြုလုပ်ခသည်။
၂။ ၁၈ – ၄ – ၂၀၂၃ (အင်္ဂါ)
(၁) ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က ကြီးမှူးကျင်းပ သည့် မြောက်ဦးမြိုနယ် လေးမြို့ ချောင်းရက္ခိုင်သင်္ကြန်ပွဲတော်(ပထမနိ)ကို ဧပြီ ၁၈ ရက်နိ၌ စတင်ကျင်းပခရာ အရက္ခပြည်သူ ၃ သောင်းကျော် အင်တိုက်အားတိုက်ပါဝင် ဆင်နွှဲခကတ်သည်။
(၂) ဧပြီ ၁၇ ရက်နိက ဆိုင်ကယ်တိုက်ခံရ၍ စစ်တွေမြို့ ပြည်တော်သာရပ်ကွက်မှ ဦးအောင်မိုးထွန်း သီဆုံးလားသည်။
(၃) စစ်ကောင်စီ လွတ်ငြိမ်းခွင့်ဖြင့် ရက္ခိုင်ပြည်ဟိအကျဉ်း ထောင် ၄ ခုမှ အကျဉ်း သား/အကျဉ်းသူ ၁၇၃ ယောက် ပြန်လည် လွတ်မြောက်လာသည်။
(၄) ရက္ခိုင်ပြည်တဝန်းတွင် သင်္ကြန်အကြို(ဧပြီ ၁၃ ရက်နိ) မှ နှစ်ဆန်းတရက်(ဧပြီ ၁၇ ရက်)နိအထိ ၅ ရက်အတွင်း ယာဉ် မတော်တဆမှုကြောင့် သီဆုံးသူ ၂ ယောက်ဟိခပြီး၊ ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်ဟိကြောင်း လူမှုကူညီရီး အသင်းများ၏ စာရင်းအရ သိရသည်။
(၅) ဒေနှစ်သင်္ကြန်ကာလအတွင်း ငပလီသို့ လာရောက် လည်ပတ်သည့် ပြည်တွင်းပြည်ပ ခရီးသည် ပိုမိုများ ပြားခသည်ဟု ဒေသခံများက ပြောသည်။
၃။ ၁၉ – ၄ – ၂၀၂၃ (ဗုဒ္ဓဟူး)
(၁) မြန်မာပြည်ဆူပူအောင်လှုဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံ ထားရသည့် ကျောက်တော်မြို့၊ ပြည်တော် သာရပ်ကွက်မှ လူထုဇော်ဝင်း(ခ) ဦးဇော်ဝင်း၊ ကျောက်တော်မြို့နယ် ခေါင်း တုတ်ရွာမှ ဦးကျော်သန်း မောင်နန့် ပန်းဖဲချောင်း ရွာမှ ကိုဇော်မိုးထက်ရို အမှုကို ဧပြီ ၁၉ ရက်နိတွင် ကျောက်တော်မြို့နယ်တရားရုံး ၌ ရုံးထုတ် ခကေလေ့ တရားသူကြီး မရောက်ဟုဆိုကာ မစစ်ခဘဲ လာမည့် မေ ၂ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုသည်။
(၂) ကျောက်တော်မြို့နယ်၊ ရွာမပြင်ရွာမှ ဦးညီပုချေနန့် ဒေါ်သန်းကြည်ဝင်းရို၏ သုံးမွှာပူးအချေများကို စစ်တွေမြို့ ၊ ပြည်သူ့ ဆီးရုံကြီးတွင် ဧပြီ ၁၂ ရက်နိက ကောင်းမွန်၊ အောင်မြင်စွာ မွီးဖွားသန့်စင်နိုင်ခသည်။
(၃) အမျိုးသားအဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဟိရီး တိုက် ပွဲများတွင် ဝ ပြည်၏ ကူညီထောက်ပံ့ကူညီမှုများ ဟိခကြောင်း AA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့က ပြောဆိုလိုက်သည်။
(၄) စစ်တွေမြို့၌ ဆောက်လုပ်ဆဲဖြစ်သည့် ဆရာတော်ဦးဥတ္တမပြတိုက်ကို ရန်ပုံငွေအခက်အခဲကြောင့် ဆောက်လုပ်မှု ယာယီရပ်နားထားရသည်။
(၅) ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် စစ်ဖီးယှောင်စခန်းတွင် အကူအညီများ လာရောက်မှုနည်းပါးနီ၍ ဆန်အပါအဝင် အခြီခံစားနပ်ရိက္ခာများ အရေးပေါ်အကူအညီလိုအပ်နီသည်။
(၆) မင်းပြားဟိ သောက်ရီကန်များမှာ ပြီးခသည့်နှစ်ကထက် ပို၍ အယင်ခမ်းခြောက်လားသည့်အတွက် ဒေသခံ များမှာ သောက်သုံးရီယှားပါးသည့် ပြဿနာနန့် ရင်ဆိုင်နီကတ်ရသည်။
၄။ ၂၀ – ၄ – ၂၀၂၃ (ကြာသပတီး)
(၁) မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နန့် တရားစွဲခံထားရသည့် မင်းပြားမြို့ နယ်က အပျော်တမ်းဓာတ်ပုံ ဆရာ ဦးစိုးမိုးကျော်၊ ကျောက်တော်မြို့ ကဝိရတနာစစ်ဖီးယှောင်စခန်းက ဦးကျော်ဟိန်း၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာက ဦးမောင်စောသာ၊ ဝပြန် ရွာကကိုမောင်သန်းဌေးနန့် ကိုမောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာ ကဦးသန်းစိုး၊ အောင်ဖြူပြင်ရွာက ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူရွာသစ်က ကိုမောင် ချေ(ခ) မောင်မျိုးကိုနန့် မြောက်ဦးမြို့၊ မဟိန်ဂျီ ရပ်ကွက်က ကိုကျော်မောင်လင်း ရို့အမှုကို ဧပြီ ၁၉ ရက်နိ၌ ကျောက်တော်မြို့ နယ်တရားရုံးတွင် ရုံးထုတ်ခကေလေ့ တရားသူကြီး မရောက်၍ မစစ်ခဘဲ ရုံးချိန်းထပ်ရွှိလိုက်ရသည်။
(၂) ရက္ခိုင့်တပ်တော်AA နန့်ဆက်စပ်သည်ဟုဆိုကာ ၁၇(၁) နန့်တရားစွဲခံထားရသည့် မောင်တောမြို့နယ်၊ ခမောင်းဆိပ် ကျေးရွာမှ တက္ကသိုလ်ကျောင်းသား ကိုမောင်ဆန်းဌေး(၂၄နှစ်) နန့် မင်္ဂလာညွန့်ကျေးရွာမှ ဆိုင်ကယ် ကယ်ရီသမား ကိုခင်ဇော်(၂၂နှစ်)ရို့အမှုကို ဧပြီ ၂၀ ရက်နိတွင် မောင်တောမြို့တရားရုံး၌ (၁၄)ကြိမ်မြောက် ရုံးထုတ် ခကေလေ့ လိုပြ သက်သီမရောက်သည့်အတွက် ရုံးချိန်းထပ်ရွှိလိုက်ရသည်။
(၃) ရက္ခိုင်ပြည်မှာ နှစ်စဉ်နှစ်တိုင်း နှစ်ဆန်း ၁ ရက်နိမှစ၍ ကျင်းပလိဟိသည့် မောင်တောသင်္ကြန်ကို အနယ်နယ် အရပ်ရပ်မှ အာရက္ခပြည်သူပေါင်း သောင်းချီပါဝင်ဆင်နွှဲခကတ်ကြောင်း ပွဲကျင်းပရီးကော်မတီက ပြောသည်။
(၄) ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ကြီးမှူးကျင်းပသည့် “လေးမြိုချောင်းရက္ခိုင် သင်္ကြန် ပွဲတော် ကြီးကို ဧပြီ ၂၀ ရက်နိ ညဇာ ၆ နာရီ၌ အထူးစည်ကားသိုက် မြိုက် အောင်မြင်စွာ ကျင်းပပြီးစီးခကြောင်း ပွဲတော်ကျင်းပရီး ကော်မတီက ပြောသည်။
၅။ ၂၁ – ၄ – ၂၀၂၃ (သောကြာ)
(၁) အမ်းမြို့နယ်၊ ကျားအိုးချောင်း ကမ်းပါးတွင် လက်ဟိအချိန်ထိ ဂုံးကောင်ရေ အများအပြား အစုလိုက် အပြုံလိုက် သီဆုံးမှုဖြစ်ပေါ်နီကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။
(၂) ရက္ခိုင့်တပ်တော်AAနန့်ဆက်သွယ်သည်ဟုစွပ်စွဲကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နန့် တရားစွဲ ခံထားရသည့် ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ နန့် မီးကျောင်းစျီး ရွာ အုပ်ချုပ်ရီးမှူး ဦးဟာမတ်တူဆောင်း ရို့အမှုကို ဧပြီ ၂၁ ရက်နိတွင်ဘူးသီတောင် မြို့တရားရုံး၌ ရုံးထုတ်ခကေလေ့ လိုပြသက်သီ မရောက် ဟုဆိုကာ ရုံးချိန်းထပ်ရွှိလိုက် ပြန်သည်။
(၃) နီရပ်ပြန် ရက္ခိုင်စစ်ဖီးယှောင်များကို စစ်ကောင်စီကထောက်ပံ့မည်ဟု ကတိပီးထားသည့် ဆန်ရိက္ခာ နှစ်လစာ အား လက်ဟိအချိန်ထိ လုံးဝ ထုတ်ပီးခြင်းမဟိသိမ့်ဟုဆို နီရပ်ပြန် ရက္ခိုင်စစ်ဖီးယှောင်များက ပြောသည်။
(၄) မြောက်ဦးမြို့မှ စစ်ဖီးယှောင်မိသားစုတချို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ၏ထောက်ပံ့ကြေးပီးမည့် စစ်ဖီး ယှောင်များစာရင်းထဲကထုတ်ပယ်ခံလိုက်ရသည်။
(၅) သံတွဲမှ ဂွဖက်သို့ထွက်သည့် မြို့အဝင်အထွက်ဂိတ်၌ ကင်းစောင့်ရဲတပ်ဖွဲဝင်များက ဆိုင်ကယ်၊ စက်ဘီးနန့် သုံးဘီး ဆိုင်ကယ် များအား အတင်းအဓမ္မ ဆင်းတိုးခိုင်းနီ၍ ဒေသခံလမ်းလားလမ်းလာပြည်သူများ အခက်အခဲ တွိနီကတ်ရသည်။
၆။ ၂၂ – ၄ – ၂၀၂၃ (စနီ)
(၁) ဒေရက်ပိုင်းအတွင်း နိအပူချိန်မြင့်တက်လာသည့်အပြင် သောက်ရီယှားပါးလာ၍ ပုဏ္ဏားကျွန်းမြို့နယ်၊ ငှက်ကြီးကျွန်း၊ အလယ်ချောင်း၊ ဒိုးတန်းကျေးရွာများတွင် နွားများသီဆုံးမှုဖြစ်ပွားနီသည်။
(၂) လက်ဟိ ရက္ခိုင်ပြည်ထွက် မြီပဲများမှာ ဈီးကောင်းရနီကေလေ့ သွင်းအားစုစရိတ် ကြီးမားမှုကြောင့် မြီပဲစိုက် တောင်သူ များ တွက်ခြေမကိုက်ဖြစ်နီကတ်ရသည်။
(၃) ရက္ခိုင်ပြည်မှာ ဒုတိယသင်္ကြန်ဟု တင်စားထားသည့် ရီပေါ်သင်္ကြန်ပွဲတော်နန့်အတူ သေလာဂီရိမောရပဗ္ဗတ ကျောက်တော်တောင်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို အဂုနှစ်တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပလားမည်ဟု ဘုရား ပွဲကျင်းပရီးကော်မတီက ပြောသည်။
(၄) ဧပြီ ၂၂ ရက်နိ မိုးထက မြောက်ဦးမြို့၊ မြိုမဈီးသို့ ဈီးဝယ်လာသည့် မြောက်ဦးမြို့နယ်၊ ပရိန်ကုန်းရွာမှ ဦးစောသာ ထွန်း(၆၂ နှစ်) ရုတ်တရက်လဲကျသီဆုံးလားကြောင်း သိရသည်။
(၅) မြန်မာစစ်တပ်ကဖမ်းပြီး စစ်ပုန်ကန်မှုဥပဒေပုဒ်မ ၁၃၁ ၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)စသည့် ပုဒ်မနှစ်ခုနန့် တရားစွဲခံထားရသည့် ကျောက်တော်မြို့နယ်၊ ကာဒီရွာ (ခ) သဇင်ရွာမှ ဆန်စက်ပိုင်သျှင် ဦးလှမောင်သန်း (၄၃နှစ်) အမှုကို ရုံးချိန်းအကြိမ်ကြိမ် ရွှိခံနီရ၍ အမှုကြန့်ကြာနီကာ အမှုသည်များမှ နစ်နာနီကတ် ရသည်။
၇။ ၂၃ – ၄ – ၂၀၂၃ (တလင်းဂနီ)
(၁) မင်းပြားမြိုနယ်တွင် ဧပြီ ၂၁ ရက်နိက Pajero အမျိုးအစား အိမ်စီးကားနန့် ဝက်တင်လာသည့် ကုန်ကားတစီးရို့ မျက်နှာချင်းဆိုင်တိုက်မိခပြီး လူ ၆ ယောက်ဒဏ်ရာလားကာ ၁ ယောက်မှာ ဒဏ်ရာပြင်းထန်သည်။
(၂) (၈) ကြိမ်မြောက် မရမာကြီးအမျိုးသားနိအခမ်းအနားကို လာမည့် ကဆုန်လပြည့်(မေ ၃ ရက်)နိ၌ ကျောက် ဖြူမြို့၊ အရာရှိရပ်ကွက်ဟိ မရမာကြီးရတနာ့ဗိမာန်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်လားမည် ဖြစ်သည်။
(၃) မင်းပြား၊ ပုဏ္ဏားကျွန်းနန့် စစ်တွေအပါအဝင် ရက္ခိုင်ပြည် မြို့နယ်အများစုတွင် သောက်သုံးရီကန်များ ခမ်းခြောက်လာ၍ ဒေသခံများမှာ သောက်သုံးရီ ယှားပါး သည့် ပြဿနာနန့် ရင်ဆိုင်နီကတ်ရသည်။
(၄) ရသေ့တောင်မြို့နယ် ပြားချောင်းကြီးစစ်ဖီးယှောင်စခန်းတွင် အဆောင်များ ပြန်ပြုပျင်ရန် အရေးတကြီး လိုအပ်နီသည်။