
APM ၊ ဧပြီ ၂၄ / ၂၀၂၃
လက်ဟိ ကျောက်တော်မြို့နယ်၊ သဲပုံရွာ စစ်ဖီးယှောင်စခန်းတွင်နီထိုင်လျက်ဟိသော ရုပ်သားရွာသားများမှာစား နပ်ရိက္ခာ အပါအဝင်အရေးပေါ်အကူအညီ လိုအပ်နီကြောင်းသိရသည်။
ယင်းရုပ်သားရွာသားများသည် ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့ တကျော့ပြန်တိုက်ပွဲများစတင်ခသည့် ၂၀၂၂ခုနှစ် ဂျုန်လကပင် မြန်မာစစ်တပ်မှလက်နက် ကြီးပစ်ခတ်မှုများကြောင့် အိုးအိမ်စွန့်ခွာတိမ်းယှောင် လာကတ်ရကာ ကျောက် တော်မြို့နယ်၊ သဲပုံရွာဟိ သာသနာ့မြီတွင် သဲပုံရွာသားများ၏ ဝိုင်ဝန်းပံ့ပိုးဖြင့် အဆောင်များဆောက်လျက်နီထိုင်နီကတ်ရ သည်။
လက်ဟိအချိန်ထိလေ့ မြန်မာစ်တပ်က ရွာအနီးအနားတွင် တပ်စွဲထားသည့်အပြင် မိုင်းအန္တရာယ်လေ့ စိုးရိမ်ရ၍ နီရပ်မပြန် ဝံ့သိမ့်ဘဲ ဆက်လက်တိမ်းယှောင်နီကတ်ရဆဲဖြစ်ပြီး စားဝတ်နီရီးအပြင် အစစအရာရာ အခက်အခဲများ နန့် ရင်ဆိုင်နီ ကတ်ရသည်ဟု စစ်ဖီးယှောင် ရုပ်သားရွာသားများက ပြောသည်။
ယင်း စစ်ဖီးယှောင်များကို ပုဂ္ဂလိက အလှူသျှင်များတခါတရီလာရောက်လှူဒါန်းမှုများမှလွဲ၍ တခြားနိုင်ငံတကာ အဖွဲ့ အစည်းများက ပီးသည့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီများလေ့ တကြိမ်တခါမှ မရဖူးဟု ဆိုသည်။
တချို့စစ်ဖီးယှောင်များမှာတော့ မိုင်အန္တရာယ်ကိုကြောက် ကေလေ့ အနီးအနားဟိတောတောင်များသို့ အရဲ့စွန့် လားရောက် ကာ ထင်းခြွီ၊ သစ်ခွတ်ဖြင့် ခက်ခဲပင်ပန်းစွာ ရှာဖွီစားသောက်နီကတ်ရပြီးအချို့မှာတော့သဲပုံရွာဟိ ဆွေမျိုး၊ မိတ်ဆွေများ၏ ထောက်ပံ့မှုဖြင့် ခက်ခက်ခဲခဲ ရပ်တည်နီကတ်ရသည်။
ယင်းသဲပုံရွာတွင် လာရောက်ခိုလှုံနီသည့် ရုပ်သားရွာမှ စစ်ဖီးယှောင် အိမ်ထောင်စုပေါင်း ၄၃ စုနန့် လူဦးရေ ၁၉၂ ယောက် ဟိကြောင်း သိဟိရပါသည်။
