APM ၊ ဧပြီ ၂၄ / ၂၀၂၃
ရက္ခိုင့်တပ်တော် AA ဆက်စပ်သည်ဟု စွပ်စွဲကာ ပုဒ်မအမျိုးမျိုးတပ်လျက် တရားစွဲခံထားရပြီး ကျောက်ဖြူမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နီရသည့် ကျောက်ဖြူဒေသခံများအမှုကို အကြောင်းအမျိုးမျိုးပြကာ ရုံးချိန်း အကြိမ်ကြိမ် ရွှိဆိုင်းခံနီရကြောင်း သိရသည်။
ရက္ခိုင့်တပ်တော် AA နန့် တိုက်ပွဲကာလအတွင်းက မြန်မာစစ်တပ်သည် ကျောက်ဖြူဒေသခံ ၆၀ ထက်မနည်းကို မတရားသဖြင့် ဖမ်းဆီးခပြီးနောက် ပုဒ်မအမျိုးမျိုးတပ်လျက် တရားစွဲဆိုထားခြင်းဖြစ်သည်။
ယင်းအထဲက မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ် ၁၇(၁)နန့်တရားစွဲခံထားရသည့် ကျောက်ဖြူမြို့ စေတီတောင် ရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရီးမှူး ဦးဝင်းမောင်အပါအဝင် ၁၄ ယောက်ကို ဧပြီ ၁၉ ရက်နိက (၁၇) ကြိမ်မြောက် ရုံးထုတ်ခသည်။
၎င်းရို့ကို စတင်ရုံးထုတ်သည့်အချိန်မှစ၍ တကြိမ်တခါမျှ ရုံးချိန်း လာရောက်ခြင်းမဟိခသော မြန်မာစစ်တပ်ဖက်မှ တရား လိုသည် (၁၇) ကြိမ်မြောက်ရုံးချိန်းတွင်လေ့ ထပ်မံပျက်ကွက်ခသည့်အတွက် စစ်ဆီးနိုင်ခြင်းမဟိဘဲ လာမည့် ဧပြီ ၂၆ ရက်နိ သို့ ရုံးချိန်းထပ်ရွှိလိုက်ရပြန်ကြောင်း မိသားစုဝင်များက ပြောသည်။
ယင်း ၁၄ ယောက်အပါအဝင် ကျောက်ဖြူဒေသခံများအား တရားစွဲဆိုထားသည့် မြန်မာစစ်တပ်ဖက်မှ တရားလို ဗိုလ်ကြီး ရှိုင်းထက်အောင်နန့်ဗိုလ်အဆင့် ဟိသူရို့သည် ရုံးစထုတ်သည့်ရက်ကပင် ဒေနိအထိတကြိမ်တခါမှ ရုံးမတက်ခဘဲရုံးချိန်းတိုင်း ပျက်ကွက်နီခသည်။
ယင်းသို့ မြန်မာစစ်တပ်တရားလိုများမတက်ရောက်၍ AA ဆက်စပ်သံသနန့်တရားစွဲခံထားရသည့် ကျောက်ဖြူ ဒေသခံ များအမှုများသည် လက်ဟိအချိန်ထိအမှုမစစ်ရဘဲ ရုံးချိန်းရာ အကြိမ်ကြိမ် ရွှိဆိုင်းနီခသည်။
ကျောက်ဖြူဒေသခံများအပါအဝင် တခြားရက္ခိုင်ပြည်မြို့နယ် အသီးသီးမှ မြန်မာစစ်တပ်ဖမ်းဆီး တရားစွဲခံထားရ သူများ၏ အမှုများတွင်လေ့ မြန်မာစစ်တပ်ဖက်က တရားလိုများသည် တရားရုံးကို မထီမဲ့မြင် ပြုလျက်ရုံးချိန်း လာရောက်ခြင်းမဟိဘဲ အကြိမ်ကြိမ်ပျက်ကွက်နီခသည်။
ယင်းသို့ တရားလိုဖက်မှ ရုံးချိန်းပျက်ကွက်နီ၍ စွပ်စွဲခံရသူအမှုသည်များတွင် ရုံးချိန်းလားရသည့် စရိတ်စခ အပါအဝင် နစ်နာမှုများစွာဟိနီကာ အမှုကို အ ယင်စစ်ဆီးပြီး အပြစ်ဟိက ပြစ်ဒဏ်ချ၊ အပြစ်မဟိက အယင်ဆုံး ပြန်လွှတ် ပီးစီချင် ကြောင်း စွပ်စွဲခံရသူများ၏ မိသားစုဝင်များက တောင်းဆိုနီကတ်သည်။