APM ၊ ဧပြီ ၂၄ / ၂၀၂၃
မောင်တောမြောက်ပိုင်းဟိ ကြိမ်ချောင်းစစ်ဆီးရီးဂိတ်နန့် ကျီးကန်းပြင်ဌာနချုပ် စစ်ဆီးရီးဂိတ်များကို ဖြတ်သန်းလား လာ မည့် ဒေသခံခရီးလားပြည်သူများအနီနန့် လက်ဟိအချိန်ထိ ရပ်/ကျေးအုပ်ချုပ်ရီးမှူး ထောက်ခံစာနန့်ရာ ဖြတ်သန်းလား လာနီကတ်ရ ကြောင်း သိရသည်။
ယင်း စစ်ဆီးရီးဂိတ်များတွင် ကုန်ခသည့် တကျော့ပြန်တိုက်ပွဲကာလအတွင်းပင် ရပ်/ကျေးအုပ်ချုပ်ရီးမှူး ထောက်ခံစာ မပါလျှင် ဒေသခံခရီးလားပြည်သူများကို ဖြတ်သန်းလားလာခွင့် မပြုဘဲ ပိတ်ထားခခြင်းဖြစ်ပြီး လက်ဟိအချိန်ထိလေ့ ပြန်ဖြီလျော့ခြင်းမဟိဘဲ တင်းတင်းကျပ်ကျပ် စစ်ဆီးနီသိမ့်သည်။
မောင်တောမြောက်ပိုင်းတွင် တောင်ပြိုလက်ဝဲ၊ မင်းကြီး၊ ရန်အောင်ပြင်၊ ဝက်ကျိန်း၊ မြဝတီ၊ တမန်းသား စသည့် ကျေးရွာ ပေါင်း ၃၀ ကျော်ဟိပြီး ယင်းသို့ စစ်ဆီးနီ၍ အဆိုပါဂိတ်များကို ဖြတ်သန်းလားလာသည့် ခရီးသည်များ အနီနန့် အချိန်ကြန့် ကြာကာ စိတ်အနှောင့်အယှက်ဖြစ်နီကတ်ရကြောင်း ဒေသခံများကပြောသည်။
လက်ဟိကာလ၌ အပစ်အခတ်ရပ်စဲထားသည့်အပြင် ဒေသလေ့ တည်ငြိမ်အီးချမ်းနီ၍ မြန်မာစစ်တပ်အနီနန့် အစစ်အဆီး များကို ဖြီလျော့ကာ လွတ်လွတ်လပ်လပ်သွားလာခွင့် ပီးရန် ဒေသခံများလိုလားနီကတ်ကြောင်း သိဟိရသည်။