
APM ၊ ဧပြီ ၂၄ /၂၀၂၃
မြို တိုင်းရင်းသားများ၏ (၇)ကြိမ်မြောက် မြိုအမျိုးသားနိအခမ်းအနားကို ပုဏ္ဏားကျွန်းမြို့နယ်၊ ကံသစ်ရွာတွင် ဒေနိ (ဧပြီ ၂၄ ရက်နိ)ညဇာ ၇ နာရီ၌ စတင် ကျင်းပပြုလုပ်လျက်ဟိကြောင်း သိရပါသည်။
အခမ်းအနားကို မြိုစာပီနန့် ယဉ်ကျေးမှုအသင်းက ဦးစီးကျင်းပခြင်းဖြစ်ပြီး မြိုလူမျိုးများ၏ ရိုးရာဝတ်စုံများဖြင့် ကပြ ဖျော်ဖြေခကတ်သည်ဟုပွဲစီစဉ်ကျင်းပသူများက ပြောသည်။
ယင်းအပြင်တခြားသော ရခိုင်မျိုးနွယ်စုဝင်များကလေ့ မိမိရို့ရိုးရာဝတ်စုံများဖြင့် ကပြဖျော်ဖြေခကတ်ပြီး လူပေါင်း ၂၀၀ နီးပါးတက်ရောက်အားပီးခသည်ဟု ဆိုသည်။
နက်ဖြန်(ဧပြီ ၂၅ ရက်နိ)မိုးထတွင် မြိုသမိုင်း၊ မြိုစာပီပညာသျှင်များအကြောင်းနန့် ပီးပို့လာသည့် သဝဏ်လွှာ များကို ဖတ်ကြားမည့် အခမ်းအနား ပြုလုပ်ကျင်းပလားမည်ဟုလေ့ ပွဲစီစဉ်ကျင်းပသူများထံမှ သိရသည်။
မြိုတိုင်းရင်းသားများသည် ရက္ခိုင်ပြည်မြို့နယ်အသီးသီး၌ လူဦးရေ ပေါင်း ၃၀,၀၀၀ ကျော်ခန့်နီထိုင် လျက်ဟိ ကြောင်း သိဟိရပါသည်။
Photo – ABN






