
APM ၊ ဧပြီ ၂၄ / ၂၀၂၃
မြောက်ဦးမြို့ ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှုအမွီအနှစ် အထင်ကရ စေတီပုထိုးများဖြစ်သော သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ်နန့်လေးမျက်နှာသိမ် ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို လာမည့် မေ ၂ ရက်နိမှ ၆ ရက်နိအထိ ၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလားမည်ဖြစ်ကြောင်း သိရသည်။
ဘုရားပွဲတော်တွင် ပုံမှန်ကျင်းပနီကျအတိုင်း ရက္ခိုင်ရိုးရာကျင်ပွဲ၊ ရိုးရာလှီပြိုင်ပွဲ၊ ရက္ခိုင့်ယဉ်ကျေးမှုပြပွဲများနန့် ဘောလုံးပွဲများဖြင့် စည် ည်ကားကား ကျင်းပလားမည်ဟု ဘုရားဂေါပကအဖွဲ့မှ သိရသည်။
ယင်းအပြင် နိခင်း၌ ပဋ္ဌာန်းရွတ်ပူဇော်ပွဲ၊ ညောင်ရီသွန်းပွဲများဖြင့် ထည့်သွင်းကျင်းပလားမည်ဖြစ်ပြီး ညည့်အခါ၌ စတိတ်ရှိုးပွဲနန့် ဖျော်ဖြေတင်ဆက်လားမည်ဟု ဆိုသည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကို သျှစ်သောင်းဘုရားပွဲတော်ဟုလူသိများပြီး ရိုးရာအစဉ်အလာ မပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပလာခသည်။
သို့သော်၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်ထိ ကိုဗစ်အခြေအနေများနန့် စစ်ပွဲများကြောင့် ပွဲတော်ကျင်းပခြင်းကို ၃ နှစ်ကြာ ရပ်နားထားခရရာမှ ကုန်ခသည့် ၂၀၂၂ ခုနှစ်က ပြန်လည်ကျင်းပလာနိုင်ခြင်းဖြစ်ကြောင်း သိဟိရပါသည်။
