APM ၊ ဧပြီ ၂၄ / ၂၀၂၃
လူမျိုးရီးခွဲခြားခံရမှုကို တုံ့ပြန်လိုက်သည့် အပြုအမူကြောင့် အင်တာမီလန် တိုက်စစ်မှူး လူကာကူ ပွဲပယ် ပြစ်ဒဏ် ခံရသည့်အပေါ် အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) ဥက္ကဋ္ဌ ဂါဘရီလီဂရာဗီနာက ပယ်ချလိုက် ကြောင်း သိရသည်။
တိုက်စစ်မှူး လူကာကူသည် ဂျူဗင်တပ်စ်အသင်းနန့်ကဇတ်ခသည့် ကိုပါအီတာလီယာ ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲတွင် ဂိုးသွင်းယူပြီး ရန်စ၍ အောင်ပွဲခံခသည့်အတွက်၂ ဝါ ၁ နီဖြင့် ပွဲပယ်ပြစ်ဒဏ်ခံလိုက်ရသည့်အပြင် လူမျိုးရီး ခွဲခြားမှုနန့်လေ့ ရင်ဆိုင်ခရသည်။
အဆိုပါကိစ္စနန့် ပတ်သက်၍ အင်တာမီလန်အသင်းက အယူခံဝင်ရာ အီတလီအားကဇတ်ခုံရုံးမှ ၎င်း တားမြစ်ချက်အား ပယ်ချသည့်အပြင် FIGC ဥက္ကဋ္ဌ ဂရာဗီနာကပါ စီရင်ချက်ကို ပယ်ချခကြောင်း သိရသည်။
“ဒေကိစ္စမှာ FIGC ဥက္ကဋ္ဌ ဂရာဗီနာအနီနန့် လူမျိုးရီးခွဲခြားမှုကို တိုက်ဖျက်ဖို့ ဆန္ဒဟိရေဆိုစွာကို ပြသပြီးကေ အမှန်တရား ဖက်က ကြားဝင်ပီးခရေအတွက် ကျေးဇူးတင်ပါရေ”ဟု တိုက်စစ်မှူး လူကာကူ က ပြောကြားခသည်။
ယင်းကြောင့် ပွဲပယ်ပြစ်ဒဏ်က လွတ်မြောက်ခသည့် လူကာကူသည် ဧပြီ ၂၆ ရက်နိ ဂျူဗင်တပ်စ်အသင်းနန့် ကဇတ်မည့် ကိုပါအီတလီအကြို ဗိုလ်လုပွဲ ဒုတိယအကျော့တွင် ပါဝင်လာမည်ဟု သိဟိရသည်။
Source – Romelu Lukaku’s suspension overturned by Italian Football Federation president
Photo – 90 Min