APM ၊ ဧပြီ ၂၄ / ၂၀၂၃
မြန်မာပြည်တွင်ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဧပြီလဆန်းပိုင်းမှ စတင်ကာ ပြန်လည်မြင့်တက်လာသည့်အတွက် ကိုဗစ်မျိုးဗီဇပြောင်းပိုး XBB.1.16ကိုကြိုတင်ကာကွယ်ခြင်း များပြုလုပ်ရန် ကျန်းမာရီးဝန်ကြီးဌာနမှ အသိပီးဆော် ဩထားသည်။
ကျန်းမာရီးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ဧပြီ ၁၉ ရက်နိမှစ၍ တပတ်အတွင်း ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှာ ၁၇၀ ကျော်အထိဟိလာပြီး ယင်းအထဲမှ ထက်ဝက်နီးပါးမှာ ပြည်တွင်းကူးစက်မှုများဖြစကြောင်း ဆိုသည်။
မြန်မာပြည်တွင် ဧပြီ ၂၂ ရက်နိ ညဇာ ၈ နာရီမှ ဧပြီ ၂၃ ရက်နိ ညဇာ ၈ နာရီအထိ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာပေါင်း ၆၀၇၇ ခုကို စစ်ဆီးရာတွင် ကိုဗစ်လူနာသစ် ၄၅ ယောက်ထပ်မံတွိရကြောင်း ကျန်းမာရီးဝန်ကြီးဌာနက ဆိုသည်။
ကမ္ဘာ့ကျန်းမာရီးအဖွဲ့.WHO ၏ ဧပြီ၂၃ ရက်နိ ထုတ်ပြန်ချက်၌ “ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လာသည့် အခြေအနေ တွင် မျိုးဗီဇပြောင်း XBB 1.16(Arcturus) ကူးစက်မှု ပါဝင်ပြီး မြန်မာနိုင်ငံ၌လေ့ ၂၀၂၃ ခုနှစ်၊ ဧပြီ လဆန်းမှ စ၍ကိုဗစ် -၁၉ရောဂါ ပြည်တွင်းကူးစက်မှု ပြန် လည် မြင့်တက်လာကြောင်း” ပါဟိသည်။
ယင်းအပြင် WHO ၏ ဧပြီ ၂၀ ရက်နိထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံ ၃၁ နိုင်ငံ နန့် မြန်မာပြည်၏ အိမ်နီးချင်းနိုင်ငံ များဖြစ် သည့် အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ချ် အပါအဝင် ဒေသတွင်းနိုင်ငံတချို့၌ ၂၀၂၃ ခုနှစ်၊ဂျန်နဝါရီလမှစ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများမှာ ထပ်မံ မြင့်တက်လာသည်ဟု ဖော်ပြထားသည်။
Photo – ကျန်းမာရီးဝန်ကြီးဌာန