APM ၊ ဧပြီ ၂၄ / ၂၀၂၃
ရသေ့တောင်မြို့တွင် လက်နက်များယူဆောင် ထွက်ဗြီးလားခသည့် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင် ၂ ယောက် နန့် Democratic Party of Arakan (DPA) တပ်ဖွဲ့ဝင်ဟောင်း ၁ ယောက်ရို့ကို ဒေနိ(ဧပြီ ၂၄ ရက်နိ)မိုးထ ၅ နာရီခန့်၌ AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းခသည်ဟု သတင်းရဟိသည်။
လက်နက်များယူဆောင်ထွက်ဗြီးသူ AA တပ်ဖွဲ့ဝင် ၂ ယောက်မှာ ရသေ့တောင်မြို့နယ်၌ တာဝန်ထမ်းဆောင်နီကတ် သူများ ဖြစ်ပြီး၊ DPA တပ်ဖွဲ့ဝင်ဟောင်း ၁ယောက်မှာ AA အယောင် ဆောင်လျက် ရပ်ရွာများအတွင်း ငွေကြေးလိမ်လည်မှု၊ ငွေကြေးကောက်ခံမှုများကြောင့် AA က ဖမ်းဆီး ထောင်ချထားခရာမှသင်္ကြန်ရက်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပီးထားသူဟု ဒေသ မီဒီယာများက ဖော်ပြသည်။
ဖြစ်စဉ်မှာ DPA တပ်ဖွဲ့ဝင်ဟောင်းက AA တပ်ဖွဲ့ဝင် ၂ယောက်ကို ဖြား ယောင်းပြီး လက်နက်များနန့်အတူ ဧပြီ ၂၃ ရက်နိက ထွက်ဗြီးစဥ် AA တပ်ဖွဲ့ဝင်များက လိုက်ဖမ်းရာ ရသေ့တောင်မြို့ ပြည်သူ့ဆီးရုံဝန်းထဲ၌ ပုန်းခိုနီခသည်ဟု ဒေသခံများ ပြောပြ ချက်ကို ကိုးကား၍ ဖော်ပြကတ်သည်။
AA တပ်ဖွဲ့ဝင်များက မိဖများမှတဆင့်ဖျောင်းဖျခြင်း၊ ညှိနှိုင်းခြင်းများပြု လုပ်ခကေလေ့ မရသည့်အပြင် ဆီးရုံဝန်း အတွင်း မှ လက်နက်များဖြင့် ခုခံတိုက်ခိုက်မှု ပြုလုပ်သည့်အတွက် သီနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်၍ ဖမ်းဆီးခရသည်ဟု ဆိုသည်။
လက်ဟိတွင် ၎င်းရို့ ၃ ယောက်ကို ရက္ခိုင့်တပ်တော်က ထိန်းသိမ်းထားပြီး လက်နက်များကိုလေ့ သိမ်းဆည်း လိုက်ကြောင်း သတင်းများက ဖော်ပြသည်။
ဒေဖြစ်စဉ်နန့်ပတ်သက်၍ ဖြစ်စဉ် ဖြစ်ရပ်အားသိဟိရန် APM အနီနန့် ရက္ခိုင့်တပ်တော်ပြောခွင့်ရ ဦးခိုင်သုခအား မိန်းမြန်း စုံစမ်းထားကေလေ့ တစုံတရာ တုံ့ပြန်ဖြေကြားခြင်း မဟိသည်ကို တွိရသည်။