
APM ၊ ဧပြီ ၂၄ / ၂၀၂၃
မြန်မာစစ်တပ်ကို လက်နက်ကိုင် တော်လှန်ခသည့် တော်လှန်ရီးသက်တမ်း ၂ နှစ်တာကာလအတွင်း CDF- Mindat ၏ လက်ချက်ဖြင့်မြန်မာစစ်တပ်မှတပ်ဖွဲ့ဝင် ၄၅၄ ယောက် သီဆုံးခသည်ဟု ဒေနိ ဧပြီ ၂၄ ရက်နိမှာ ကျရောက်သော ချင်းကာ ကွယ်ရီးတပ်ဖွဲ့(မင်းတပ်)CDF Mindat ၏ လက်နက်ကိုင်ခုခံတော်လှန်ရီး (၂) ပြည့်နိအထိမ်းအမှတ် ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
လွန်ခသည့် ၂၀၂၁ ခုနှစ်၊ဧပြီ ၂၄ ရက်နိက မင်းတပ်မြို့၊ ဗိုလ်ချုပ်ကြီးရုပ်ရှိမှာ လူမဲ့သပိတ် “NUG” စာတမ်းရွီး သားနီသည့် ပြည်သူ ၇ ယောက်ကို စစ်ကောင်စီမှ ဖမ်းဆီခပြီးနောက် မင်းတပ်မြို့နယ်အတွင်းဟိ ပြည်သူ တရပ်လုံးက ရရာလက်နက်နန့် ပြန်လည်ခုခံတိုက်ခိုက်လာခသည်မှာ (၂)နှစ် ပြည့်ယာဖြစ်ကြောင်း CDF- Mindat က ဆိုသည်။
ယင်းသို့ ခုခံတော်လှန်တိုက်ခိုက်ရာတွင် အာဏာသိမ်းစစ်တပ်နန့် ချင်းကာကွယ်ရီးတပ်ဖွဲ့(မင်းတပ်) အကြားတိုက်ပွဲ (၂၁၈) ကြိမ်အထိဖြစ်ပွားခပြီးစစ်ကောင်စီဖက်က၄၅၄ယောက်သီဆုံးကာချင်းကာကွယ်ရီးတပ်ဖွဲ့ဝင်၅၅ယောက်တိုင်းပြည်နန့်လူမျိုးအတွက် အသက်ပီးခကတ်ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းအပြင်“ အသက်ပီးလှူခကတ်သည့် ရဲဘော်ရဲဘက်များကို ဂုဏ်ပြု သတိရရင်း အာဏာသိမ်း စစ်ကောင်စီအား ပြန်လှန်ခုခံတော်လှန်နီသည့် တော်လှန်ရီးမဟာမိတ် အင်အားစုများနန့် လက်တွဲပူးပေါင်းကာ မိမိရို့၏ အန္တိမ ပန်းတိုင် ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ရဟိသည်အထိ မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ရွပ်ရွပ်ချွံချွံ ခုခံတော်လှန် တိုက်ပွဲ ဝင်လား မည်ဖြစ်ပါသည်”ဟု CDF-Mindat ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါဟိသည်။

