
APM ၊ မာ့ချ် ၂၄ / ၂၀၂၃
ရက္ခိုင်ပြည်၊ နယ်စပ်မြို့တော် မောင်တောသို့ ဆန်စက်တည်ဆောက်ရီးနန့် ငါးမွီးမြူရီးလုပ်ငန်းများအတွက် ထိုင်း နိုင်ငံမှ စိုက်ပျိုးရီး၊မွီးမြူရီးအတတ်ပညာသျှင်များ လာရောက်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr. Mongkol Visitstump က ပြောကြားသည်။
ထိုင်းနိုင်ငံအနီနန့် ရက္ခိုင်နယ်စပ်ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရီးလုပ်ငန်းများဆောင်ရွက်နီပြီး အထူးသဖြင့် မောင်တော ဒေသတွင် ဆန်စက်တည်ဆောက်ရီး၊ ငါးမွေးမြူရီးလုပ်ငန်းအတွက် စွမ်းဆောင်ရည်မြှင့်တင်ရီး သင်တန်းများပြုလုပ်ခပြီး စက်ပစ္စည်းတပ်ဆင်ရန်နန့် ငါးကန် တူးဖော်ရန် နည်းပညာသျှင်များကိုလေ့ ပို့ဆောင်ရီးစီစဥ်နီ ကြောင်းသိရသည်။
ထိုင်းနိုင်ငံအနီနန့်မောင်တောနယ်စပ်ဒေသ၌ အဆင့်မြင့်စိုက်ပျိုးရီးကိရိယာများကို အသုံးပြု၍ စိုက်ပျိုးရီးနည်း ပညာ များသင်ကြားပြသရန်နန့် စိုက်ပျိုးရီးလုပ်ငန်းအတွက် လယ်ထွန်စက် ၁၆ စီး၊စပါးအခြောက်ခံစက် ၂ လုံး၊ လိုအပ်သည့် နီရာသို့ လားလာရန် ဆိုင်ကယ် ၆ စီးကို ပီးအပ်လှူဒါန်းထားသည်ဟုလည်း ထိုင်းသံအမတ်ကြီးက ဆိုသည်။
