
APM ၊ မာ့ချ် ၂၄ / ၂၀၂၃
မြန်မာပြည်တွင် တရုတ်နိုင်ငံမှ ကုမ္ပဏီပေါင်း ၅၈၀ ကျော် ရင်းနှီးမြှုပ်နှံနီပြီး မြန်မာပြည်အတွက် ဒုတိယရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံဖြစ်ကြောင်း မြန်မာပြည်ရင်းနှီးမြှုပ်နှံမှုနန့် ကုမ္ပဏီများစီမံခန့်ခွဲရီးဦးစီးဌာနမှ ဒုတိယညွှန်ကြားရီးမှူးချုပ် ဦးမင်းဇော်ဦးက ပြောဆိုထားသည်။
မာ့ချ် ၂၂ရက်နိက ရန်ကုန်မြို့ဟိ၊ LOTTE Hotel ၌ ပြုလုပ်ခသည့် တရုတ်(ချုံချင့်ပိရှန်း) မြန်မာ စီးပွားရီးပူးပေါင်း ဆောင်ရွက် မှု မိတ်ဆက်ပွဲတွင် ဦးမင်းဇော်ဦးက ယင်းသို့ပြောဆိုခပြီး၊ တရုတ်နိုင်ငံမှ ကုမ္ပဏီပေါင်း ၅၈၃ခု ရင်းနှီး မြှုပ်နှံထားကာ အမေရိ ကန်ဒေါ်လာ ၂၁ ဒသမ ၇ ဘီလီယံကျော်သည်ဟု ဆိုသည်။
အဆိုပါတရုတ်ကုမ္ပဏီများထဲတွင် စက်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီ ၅၂၄ ခုဟိပြီး၊ ကုမ္ပဏီ ၉၀ ရာခိုင်နှုန်းမှာ စက်မှုကုန် ထုတ် လုပ်ငန်းကို လုပ်ကိုင်နီကတ်သည်ဟု ပြောသည်။
ယင်းကဲ့သို့ တရုတ်နိုင်ငံမှ တိုက်ရိုက်လာရောက်ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများအပြင် ဟောင်ကောင်နန့် စင်ကာပူဖက်မှ ပတ် ဝင်လာသည့် တရုတ်ကုမ္ပဏီများလေ့ဟိသိမ့်သည်။
ယင်းပြင် တရုတ်စီးပွားရီးလုပ်ငန်းသျှင်များအနီနန့် တရုတ်နိုင်ငံ၊ ချုံချင့်ဒေသနန့် မြန်မာပြည်အကြား လီကြောင်း လိုင်းဗြီး ဆွဲရန်၊ လျှပ်စစ်ကားများ ထုတ်လုပ်တင်ပို့ရန် ဆန္ဒဟိနီကြောင်းလေ့ အဆိုပါအခမ်းအနားတွင် UMFCCI ဥက္ကဌ ဦးအေးဝင်း က ပြောကြားခသည်။
Photo – Myanmar Transparency News
