
APM ၊ မာ့ချ် ၂၄ / ၂၀၂၃
ရက်ချ်ဖို့ဒ်အနီနန့် ဒေရာသီတွင် အကောင်းဆုံးခြီစွမ်းတခုကိုပိုင်ဆိုင်ထားနိုင်ကြောင်း မန်ယူဂန္ထဝင်တိုက်စစ် ကဇတ်သမား ဟောင်းဖြစ်သည့် ရောဘတ်ဗန်ပါစီက ချီးမွမ်းပြောကြားလိုက်သည်။
အသက်၂၅ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးရက်ချ်ဖို့ဒ်သည် မန်ယူအသင်းအတွက် ဒေရာရာသီ ပြိုင်ပွဲစုံ ၃၄ ပွဲတွင် ၂၇ ဂိုး အထိသွင်းယူထားသည်။
“ရက်ချ်ဖို့ဒ်စွာ သူ့ဘဝ၏အကောင်းဆုံး ပုံစံကိုဒေရာသီမှာပိုင်ဆိုင်ထားပါရေ။ ယေပြီးကေသူက အငယ်ကပင် ဖောက်ထွင်း ကြိုးစားခပါရေ။ ယေဇုနန့်လေ့ အကောင်းဆုံးကဇတ်သမားတယောက်ဖြစ်နီစွာပါ”ဟု ဗန်ပါစီက ဆိုသည်။
ယင်းအပြင် ဗန်ပါစီက” ရက်ချ်ဖို့ဒ်တိုးတက်စွာကလေ့ နည်းပြတန်ဟက်ဂ်နန့်အများကြီးသက်ဆိုင်ပါရေ၊ သူရို့နှစ်ယောက် ဆက်ဆံရီးက အထူးကောင်းမွန်ပါရေ” ဟုလေ့ ထပ်လောင်းပြောဆိုခသည်။
တိုက်စစ်မှူးရက်ချ်ဖို့ဒ်သည် နိုင်ငံတကာခြီစမ်းပွဲအတွက် အင်္ဂလန်လူစာရင်းတွင်ရွီးချယ်ခံခရကေလေ့ ဒဏ်ရာ ပြသနာ ကြောင်း နုတ်ထွက်လာရသည်။
မာ့ချ် ၂၄ ရက်နိမိုးထစောစော၌ကဇတ်ခသည့် ယူရို ၂၀၂၄ ခြီစမ်းပွဲမှာတောအင်္ဂလန်အသင်းကအီတလီအသင်းကို ၂ ဂိုး ၁ ဂိုး နန့်အနိုင်ရဟိခကြောင်း သိရသည်။
Source – ‘Marcus Rashford is on a mission’ – Robin van Persie
Photo – Eurosport
