APM ၊ မာ့ခ်ျ ၂၄ / ၂၀၂၃
ပေါက်တောမြို့နယ် သမဝါယမနန့် ကျေးလက်ဖွံ့ဖြိုးရီးဦးစီးဌာနမှ ဒု-ဦးစီးမှူးသည် ဒေနိ(မာ့ချ် ၂၄ ရက်နိ) မိုးထ က ရီမြုပ်သီဆုံးလားကြောင်း သိရသည်။
သီဆုံးလားသူ သမဝါယမ ဒု-ဦးစီးမှူးမှာ ပေါက်တောမြို့ အလယ်ပိုင်းရပ်ကွက် ၊အကွက်( ၂) ၊ မင်းစောမွန်လမ်းတွင် နီထိုင်သည့် အသက် ၅၇ နှစ်အရွယ် ဒေါ်မအုန်းတင် ဖြစ်သည်။
ဒေါ်မအုန်းတင်ကို ဒေနိမိုးထ ၇ နာရီခန့်က ပေါက်တောမြို့အမှတ် (၂)ရပ်ကွက်ဟိ ဘဲသောက်ကန်တွင် ရီမြုပ် သီဆုံးနီ သည်ဟုသိရသည်။
ဒေါ်မအုန်းတင်သည် အဆိုပါ ဘဲသောက်ကန်တွင် နိစဉ်နိတိုင်း မိုးထစောစော ရီခပ်နီကျဖြစ်ကာ ဒေနိမှာမှ မတော်တဆ သီဆုံးလားခြင်း ဖြစ်သည်။
လက်ဟိတွင် ဒေါ်မအုန်းတင်၏ ရုပ်အလောင်းကို ပေါက်တောမြို့ ပြည်သူ့ဆီးရုံကြီး၊ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိဟိရသည်။
Please follow and like us: