APM ၊ မာ့ချ် ၂၄ / ၂၀၂၃
ပရီးမီးယားလိဂ်ကလပ် လိဒ်ယူနိုက်တက်အသင်းသည် လုံခြုံရီးခြိမ်းခြောက်မှုတခုကြောင့် မာ့ချ် ၂၄ ရက်နိမှစ၍ Elland Road ဘောလုံးအားကဇတ်ကွင်းကို ပိတ်ထားလိုက်ရကြောင်းသိရသည်။
လိဒ်ယူနိုက်တက်၏ ထုတ်ပြန်ချက်အရ “ဆိုချယ်မီဒီယာမှတဆင့် မာ့ချ် ၂၃ ရက်နိတွင်ခြီမ်းခြောက်ခံခရပြီး ကလပ်၏ ရုံးခန်းများ၊ လက်မှတ်အရောင်းဌာနများ၊ ဖောင်ဒေးသျှင်းရုံးများနန့် Elland Road အားကဇတ်ကွင်းကြီးကို ရဲတပ်ဖွဲ့၏ အကြံပီးချက်အတိုင်း ပိတ်ထားမည်ဖြစ်သည်”ဟု ဆိုသည်။
ယင်းအပြင် အဆင်မပြေမှုများ ရုတ်တရက်ဖြစ်ပေါ်လာသည့်အတွက် တောင်းပန်ကြောင်းနန့် ပုံမှန်ဝန်ဆောင်မှုများ ပြန်စလျှင် ပရိတ်သတ်များကို အသိပီးလာမည်ဖြစ်ကြောင်းလေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
West Yorkshire ရဲတပ်ဖွဲ့ကလေ့ လိဂ်ယူနိုက်တက်၏ တိုင်ကြားချက်အရ ခြိမ်းခြောက်ခံရမှုနန့်ပတ်သတ်၍ စုံစမ်း စစ်ဆီးနီကြောင်း ပြောဆိုထားသည်။
လိဒ်ယူနိုက်တက်အသင်းသည် လက်ဟိပရီးမီးယားလိဂ်တွင် ရမှတ် ၂၆ မှတ်ဖြင့် အဆင့်(၁၄) နီရာတွင် ရပ်တည်နီသည်။
Source – Leeds United close Elland Road after security threat
Photo – bbc sport
![](https://arakanprincess.media/wp-content/uploads/2023/03/photo_2023-03-24_21-07-00.jpg)