
APM ၊ မာ့ချ် ၂၄ / ၂၀၂၃
မြန်မာပြည်အပေါ်အကြည်အညိုပျက်စီမှုပုဒ်မ ၅၀၅(က)နန့် ထောင်ဒဏ်နှစ် ချမှတ်ခံထားသည့် ပလက်ဝမှ ဦးတင်ထွန်း အောင်အမှုတွင် ခရိုင်တရားရုံး၏ စီရင်ချက်ကို ပြည်နယ်တရားရုံးက ပယ်ဖျက်၍ ထောင်ဒဏ် ၁ နှစ် ထပ်ချထားကြောင်း သိရသည်။
Western News သတင်းဌာနမှာ “ပလက်ဝအခြီစိုက် ခလရ(၂၈၉)တပ်ရင်းတွင် အလံဖြူထောင်ထားသည်”ဟု ဦးတင်ထွန်း အောင် အိန်တာဗျူးဖြေခသည့်အတွက် ၂၀၂၂ ခုနှစ် ဧပြီ ၅ ရက်နိက ပလက်ဝမြို့နယ်တရားရုံးမှ ကနဦး အလုပ် နန့် ထောင် ဒဏ် ၃ နှစ် အမိန့်ချမှတ်ခသည်။
ယင်းနောက် တရားရုံး၏ စီရင်ချက်ကို မကျေနပ်၍ ၂၀၂၂ခုနှစ် ဧပြီ ၂၉ ရက်နိ၌ မိသားစုဝင်များ မတူပီခရိုင်တရား ရုံးသို့ အယူခံဆက်လက်လျှောက်ထားခရာ မတူပီခရိုင်တရားရုံးက ၂၀၂၂ ခုနှစ် ဂျုန် ၁၇ ရက်နိတွင် ထောင်ဒဏ် ၁ နှစ်လျော့ပေါ့ ခံစားရန် အမိန့်ချမှတ်ထားခြင်းဖြစ်ည်။
လက်ဟိတွင် အဆိုပါ ထောင်ဒဏ် ၁ နှစ် လျော့ပေါ့ပီးခသည်ကို မကျေနပ်၍ မြန်မာစစ်တပ်တရားလိုက ချင်းပြည် နယ်တရားရုံးသို့ ပြင်ဆင်ချက်ပြန်တက်ခသည်ဟုဆိုကာ ချင်းပြည်နယ်တရားရုံးက ခရိုင်တရားရုံး၏စီရင်ချက်ကို ပယ်ဖျက်လျက် ထောင်ဒဏ် ၁ နှစ်ထပ်ချထားကြောင်း မိသားစုဝင်များက ဆိုသည်။
Western News မှာ အိန်တာဗျူးမှုနန့် ပတ်သက်၍ ကုန်ခသည့်၂၀၂၁ ခုနှစ်၊ဒီဇမ်ဘာ ၂၈ ရက်နိမှာ စစ်ကောင်စီတပ်နန့် ရဲတပ်ဖွဲ့ဝင်များက ဦးတင်ထွန်းအောင်ကို ဖမ်းဆီးခခြင်း ဖြစ်သည်။
ယင်းနောက် သူ့ကို ပုဒ်မ ၅ဝ၅(က)နန့် ခလရ(၂၈၉)တပ်ရင်းက ဗိုလ်ကြီး ထွန်းထွန်းနိုင်က တရားလိုလုပ်၍ ပလက်ဝမြို့ နယ်တရားရုံး၌ ကနဦး တရားစွဲဆိုခပြီး၊ ဥပဒေနန့်မညီ တရားမျှတမှု ကင်းမဲ့စွာ တဖက်သတ် အမိန့်ချ မှတ်ထားခြင်းဖြစ် သည်။
လက်ဟိတွင် ဦးတင်ထွန်းအောင်သည် စစ်တွေအကျဉ်းထောင်၌ ကနဦး ပလက်ဝမြို့နယ်တရားရုံးက ချမှတ်ထားသည့် အတိုင်း ထောင်ဒဏ် ၃ နှစ်ကျခံနီရကြောင်း သိဟိရပါသည်။
