APM ၊ ဖေဖော်ဝါရီ ၂၄ / ၂၀၂၃
နီရပ်စွန့်ခွာလားသည့် မူဆလင်ဒုက္ခသည်များ ပြန်လည်လက်ခံရန် ဘင်္ဂလားဒေ့ချ်အာဏာပိုင်များနန့် ညှိနှိင်းနီပြီး ပထမဆုံး အနီနန့် လူတထောင်ကျော်ကို စတင်လက်ခံရန်ပျင်ဆင်နီသည်ဟု ဒေနိ(ဖေဖော်ဝါရီ ၂၄ရက်နိ)ထုတ် စစ်ကောင်စီ၏ မြန်မာ့အလင်းသတင်းစာက ဖော်ပြသည်။
ယင်းသို့လက်ခံရာတွင် မြန်မာပြည်၌ အမှန်အကန်နီထိုင်ခပြီး၊ မိမိဆန္ဒအရ ပြန်လာသူဖြစ်ရမည်အပါအဝင် အချက် ၅ ချက်နန့် ကိုက်ညီမှ လက်ခံမည်ဟု စစ်ကောင်စီက ပြောသည်။
အဆိုပါပြန်လည်လက်ခံရီးအစီအစဉ်ကို နှောင့်ယှက်ဟန့်တားနီသည့် အဓိကအကြောင်းရင်းမှာ အာဆာအဖွဲ့ ဝင်များမှ ကော့စ်ဘဇားဟိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်များနန့် ရောနှောနီထိုင်ကာ မူဆလင်များကိုခြိမ်းခြောက်နီသည်ဟု စစ်ကောင် စီက ဆိုသည်။
ပြီးခသည့် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်မြောက်ပိုင်းတွင် မြန်မာစစ်တပ်က နယ်မြီယှင်းလင်းမှုပြုလုပ်ရာတွင် မူဆလင်များ ဘင်္ဂလားဒေ့ချ်ဖက်သို့ ထွက်ဗြီးလားခြင်းဖြစ်ပြီး အဆိုပါမူဆလင်များ ထွက်ဗြီးစွန့်ခွာမှုသည်အာဆာအဖွဲ့၏ အကြမ်းဖက်သတ် ဖြတ်မှုများပြုလုပ်ခြင်း၊ ခြိမ်းခြောက်ဖိအားပီးခြင်းများကြောင့် ဖြစ်ပေါ်ခရခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ သတင်းတွင် ဖော်ပြထားသည်။
Photo – AP