APM ၊ ဖေဖော်ဝါရီ ၂၄ / ၂၀၂၃
မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဖီးယှောင်စခန်းတွင် ယာယီယူနီအဆောင်များ ပြိုကျပျက်စီးနီ၍ ပြန်ပြုပြင်ရန် အရေးပေါ်အကူအညီများ လိုအပ်နီကြောင်း သိရသည်။
ယင်း တိမ်ညိုစစ်ဖီးယှောင်စခန်းမှာ ကုန်ခသည့် ၂၀၁၈/၂၀၁၉ခုနှစ် ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့ တိုက်ပွဲ ပြင်း ထန်ချိန်မှစ၍ နီရပ်စွန့်ခွာ တိမ်းယှောင်လာကတ်ရသည့် မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်၊ ဝေသာလီ၊ လက္ကာ၊ ဘူးရွက်မညိုး၊ အောက်သကန်၊ ပေါက်ပင်ကွင်း၊ ပြိုင်းတောင်ချေ၊ ခူလှိုင်စသည့် ကျေးရွာများမှ ဒေသခံများ လာရောက် ခိုလှုံနီကတ်ခြင်း ဖြစ်သည်။
လက်ဟိတွင် ယင်းစစ်ဖီးယှောင်စခန်းဟိ ယာယီလူနီအဆောင်များမှာ နှစ်ကာလကြာမြင့်လာ၍ ပြိုကျပျက်စီးလာပြီး စခန်းအတွင်းဟိ သက်ကြီးရွယ်အိုများ၊ အချေများနန့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ထိခိုက်အန္တရာယ် ဖြစ်မည်ကို စိုးရိမ်နီကတ်ရကြောင်း စစ်ဖီးယှောင်များက ပြောသည်။
ယင်းအပြင် စစ်ဖီးယှောင်အများစုမှာလေ့ အလှူသျှင်များလာရောက်လှူဒါန်းမှုနည်းသဖြင့် အဆောင်ပြု ပြင်ရန်မတက်နိုင်
ဖြစ်နီ၍ အရေးပေါ်အကူအညီများ လိုအပ်နီသည်ဟု ဆိုသည်။
ယင်း တိမ်ညိုစစ်ဖီးယှောင်စခန်းတွင် အိမ်ခြီ ၇၀၀ ကျော်ဟိပြီး အိမ်ထောင်စု ၇၄၈ စုနန့် လူဦးရေ အယောက် ၂၂၈၀ ခိုလှုံလျက်ဟိကြောင်း သိဟိရသည်။