APM ၊ ဖေဖော်ဝါရီ ၂၄ / ၂၀၂၃
ယူကရိန်းတွင်ဖြစ်ပွားနီသည့် စစ်ပွဲများအဆုံးသတ်ရီးအတွက် ရုသျှဖက်မှတပ်ပြန်ရုပ်သိမ်းရန် ဖေဖော်ဝါရီ ၂၃ ရက်နိတွင် ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက်တရပ်ချမှတ်ပြီး ကုလအဖွဲ့ဝင်နိုင်ငံများ မဲခွဲဆုံးဖြတ်ခကတ်ကြောင်း သိရသည်။
အဆိုပါဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၁၄၁ နိုင်ငံက ထောက်ခံမဲပီးခကတ်ပြီး ရုသျှ၊ ဘီလာရုစ်၊ မြောက်ကိုရီးယား၊ ဆီးရီးယား၊ မာလီ၊ အီရီထရီးယားနန့် နီကာရာဂွါစသည့် နိုင်ငံ ၇ နိုင်ငံက ကန့်ကွက်မဲပီးခကတ်သည်။
တခြားအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ တောင်အာဖရိက၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အာဖရိကနန့် အလယ်ပိုင်း အာသျှနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၂ နိုင်ငံက ဆုံးဖြတ်ချက်ကို ကြားနီမဲပီးခကတ်ကြောင်း သိရသည်။
ကုလလုံခြုံရီးကောင်စီတွင် ရုသျှသည် ဗီတိုအာဏာသုံးပယ်ချနိုင်သည့်အတွက်ကြောင့် အထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ခြင်းဖြစ်ပြီး အဆိုပါ ကုလသမဂ္ဂ၏ သဘောတူညီချက်မူဝါဒများဆိုင်ရာမူကြမ်းတွင် ယူကရိန်းပိုင်နက်မှ ရုသျှတပ်ဖွဲ့ များ ဆုတ်ခွာရန်တောင်းဆိုထားကာ ယူကရိန်း၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရီး၊ စည်းလုံးညီညွတ် ရီးနန့် နယ်မြီစိုးမိုးရီးဆိုင်ရာ ကတိကဝတ်များကို ထပ်မံအတည်ပြုထားကြောင်း သိဟိရသည်။
တနှစ်ခန့်ကြာမြင့်လာသည့် ရုသျှ-ယူကရိန်းစစ်ပွဲကြောင့် နှစ်ဖက်စလုံးတွင် ပျက်စီးဆုံးယှုံးမှုများနန့် လူပေါင်း သောင်းချီ သီဆုံးခရပြီး ကမ္ဘာတဝန်းတွင် စားနပ်ရိက္ခာဈီးမြင့်တက်မှု၊ လောင်စာဆီစရိတ်မြင့်မားခြင်းနန့် ငွေကြေး ဖောင်းပွမှု မြင့်တက်လာခြင်း ရိုက်ခတ်မှုဒဏ်များကို ခံစားနီကတ်ရခြင်းဖြစ်သည်။
Source – UN members endorse resolution to end war
Photo – AP