
APM၊ ဒီဇင်ဘာ ၂၄ /၂၀၂၃
ဒေနိ(ဒီဇမ်ဘာ ၂၄ ရက်နိ) မိုးထ ၄ နာရီခွဲအချိန်လောက်က မြောက်ဦး မြို့နယ်မာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးတိနန့်ရည်ရွယ်ချက်ဟိဟိ ယမ်းကားပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၅ ယောက် ထိခိုက်ဒဏ်ရာရ လားကြောင်း သိရပါရေ။
ဒဏ်ရာရလားရေလူစွာ မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောရွာက ဦးမောင်မောင်သိန်း(၄ဝ နှစ်)၊ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်က ဦးလင်းဇော်ထွန်း(၂၉ နှစ်)၊ ဦးပေါက်စချေ (၃၆ နှစ်) ၊ မောင်မျိုးထွန်းလင်း(၁၄ နှစ်) နန့် မဝတီလှိုင်(၁၉ နှစ်)ရို့ဖြစ်ကတ်ပါရေ။
ဒေနိ မိုးထ ၄ နာရီကျော်လောက်က မြောက်ဦးအခြီစိုက် အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၅၄၀)တပ်ရင်းနန့် ခမရ( ၃၇၇)တပ်ရင်းတိက မြောက်ဦးမြို့နန့် အနီးအနားရပ်ရွာတိကိုဦးတည်ပြီးကေ လက်နက်ကြီး အကြိမ် (၁၀ဝ) ကျော် ယမ်းကား ပစ်ခတ်ခပါရေ။
ယင်းအထဲက လက်နက်ကြီးကျည်တလုံးစွာ ဆင်ချဆိပ်ရပ်ကွက်က ဦးပေါက်စချေ၏ နီအိမ်ခြံဝင်းထဲသို့ ကျရောက်ပေါက်ကွဲခရေပိုင်၊ ရွာဟောင်းတောရွာထဲကိုလည်း ၂လုံး ကျရောက်ပေါက်ကွဲခရေလို့ ဒေသခံတိက ပြောပါရေ။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှူကြောင့် ဦးမောင်မောင်သိန်း၏ ဘယ်လက်နန့် ရင်ဘတ် ကျည်စထိမှန်ခပြီးကေ ဦး လင်းထွန်းဇော်၏ပေါင်၊ ဦးပေါက်စချေ ၏ ပေါင်နန့် ဦးဂေါင်းမာ လက်နက်ကြီးကျည်စထိမှန်ခပနာ မောင် မျိုးထွန်းလင်း၏ ခြီထောက်နန့် မဝတီလှိုင်၏ ဘယ်ခြီသလုံးမာလည်း ကျည်စကျလားရေလို့ ဆိုပါရေ။
ရက္ခိုင်မာ ရက္ခိုင့်တပ်တော်AAနန့် စစ်ကောင်စီတပ်ရို့တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူတိနီထိုင်ရေ ရပ်ရွာ၊မြို့တိကို လက်နက်ကြီး၊ လက်နက်ချေ၊ စစ်သင်္ဘော၊ ဒရုန်း၊ စစ်ရဟတ်ယာဉ်နန့် တိုက်လီယာဉ်တိ အသုံးပြုပြီးကေ ရည်ရွယ် ချက်ဟိဟိ နိစဉ်နိတိုင်း ယမ်းကား ပစ်ခတ်တိုက်ခိုက်လို့ဟိနီပါရေ။
