APM၊ ဒီဇမ်ဘာ ၂၄/ ၂၀၂၃
တအာင်းပြည်နယ်မာ၁၀၂၇ စစ်ဆင်ရီးအဖြစ် ဒေနိ(ဒီဇမ်ဘာ၂၄ရက်)နိမာလည်း တိုက်ပွဲတိဆက်လို့ဖြစ်ပွားနီပြီး စစ်ကောင်စီ တပ်က လူထုကိုပစ်မှတ်ထား တိုကိခိုက်မှုတိ ဆက်လက် လုပ်ဆောင်နီကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန် ပါရေ။
တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့ဟိ စစ်ကောင်စီတပ်စခန်းမာ ဒေနိမိုးထ ၉ နာရီ ၂၂ မိနစ်က စစ်ကောင်စီတပ်နန့်TNLA ရို့အကြား တိုက်ပွဲ ဖြစ်ပွားခပြီး စစ်ကောင်စီတပ်က နမ္မတူမြို့ဝန်ကျင်၊ နမ့်မဆောရွာ၊ ဆိုင်ခေါင်ရွာ၊ ခိုဖိတ်ရွာအနားတဝိုက်ကို Y12 လီယာဉ်နန့် (၁၀)ကြိမ်၊ ဗုံး (၉၈)လုံး ပစ်ခတ်တိုက်ခိုက်ခရေလို့ ဆိုပါရေ။
ယင်းအပြင် နမ္မတူမြို့နယ်ဟိ ခိုဖိတ်၊ ဆိုင်ခေါင်၊ နမ့်မဆော၊ ကြူသျှော၊ ဟိုနား၊ နားလီရွာတိနားသို့ စစ်ကောင်စီတပ်က လက်နက်ကြီးနန့် (၃၉) ကြိမ် ပစ်ခတ်တိုက်ခိုက်ခရေလို့ သိရပါရေ။
အလားတူ တပ်မဟာ(၁)စစ်ဒေသ၊ မူဆယ်မြို့နယ် နမ့်ခိုမ်ရွာအနားတဝိုက်မာ စစ်ကောင်စီတပ်က Jet Fighter နန့် (၁)ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခရေလို့ ဆိုပါရေ။
ဒေနိ (ဒီဇမ်ဘာ ၂၄ရက်)နိမာ စစ်ကောင်စီတပ်ရေ Mi17 နန့် လားသျှိုးမြို့မာ (၁)ကြိမ်၊ မူဆယ်မြို့မာ (၁)ကြိမ်၊ ကွတ်ခိုင်မြို့မာ (၁)ကြိမ် စစ်ကူလူအင်အားနန့် လက်နက်ခဲယမ်းတိ ထပ်လို့လာရောက်ပို့ချခရေလို့လည်း သိရပါရေ။
တပ်မဟာ(၃) စစ်ဒေသ၊ မန်တုံမြို့ဟိ စစ်ကောင်စီဗျူဟာမှူးအခြီချကွပ်ကဲနီရေ တပ်စခန်းအားလုံးကို TNLA က အလုံးစုံဝင် ရောက်ယှင်းလင်း ချေမှုန်းသိမ်းပိုက်ခပြီးဖြစ်တေလို့ ဆိုပါရေ။
မန်တုံမြို့နယ်ဟိ စစ်ကောင်စီတပ်စခန်းတိကို TNLA က ၁၀၂၇ စစ်ဆင်ရီးအတွင်း ဒီဇင်ဘာ ၁၉ ရက်နိကစတင်တိုက်ခိုက် ခပြီး ၄ ရက်အကြာ ဒီဇမ်ဘာ ၂၂ ရက်နိ၊ ညဇာ ၆ နာရီခွဲအချိန်မာ စစ်ကောင်စီ ခလရ(၁၃၀) ဗျုဟာကုန်းအပါအဝင် တခြား တပ်စခန်းတိဖြစ်တေ ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်းနန့် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးတိအားလုံးကို သိမ်းပိုက်နိုင်ခစွာဖြစ်ကြောင်း သိဟိရပါရေ။
Photo – TNLA