
APM ၊ ဒီဇမ်ဘာ ၂၄ / ၂၀၂၃
ဒေနိ(ဒီဇမ်ဘာ ၂၄ ရက်နိ) နိခင်းသား ၁ နာရီခွဲလောက်မာ မြောက်ဦးအခြီစိုက်စစ်ကောင်စီတပ် ခမရ (၃၇၇) တပ်ရင်းက တပ်ဖွဲ့ဝင်တိစွာ မြောက်ဦးမြို့ထက်က အရပ်သားပြည်သူ ၉ ယောက်ကို လူသားဒိုင်းကာအဖြစ် ဖမ်းယူလားကြောင်း သိရပါရေ။
လူသားဒိုင်းကာအဖြစ်အဖမ်းခံရလူတိကတော့ မြောက်ဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ကုလားကန်းတောင်ပိုင်းက ကိုဝေလင်းချေ (၂၅နှစ်)၊ဦးမောင်လဘု(၃၅နှစ်)၊ဦးအောင်တင်ရွှီ(၅၀နှစ်)၊တခြားနာမည်မသိလူ ၃ ယောက်နန့် ဗန္ဓုလရပ်ကွက်က ၃ ယောက်ရို့ဖြစ်တေလို့ ဆိုပါရေ။
“ဒေနိခါ နိခင်းသား ၁ နာရီခွဲလောက်က ခမရ (၃၇၇) တပ်ရင်းက လက်နက်အပြည့်အစုံနန့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ ကျော်လောက်စွာ အောင်မင်္ဂလာရပ်ကွက်ထဲသို့ဝင်လာပါရေ။ ရပ်ကွက်ထဲက ဦးမောင်လဘု၊ ကိုဝေလင်းချေ အပါအဝင် ၆ ယောက်ကိုဖမ်းပနာ၊ အောင်မင်္ဂလာလမ်းအတိုင်း ပြန်ထွက်လားခကတ်ပါရေ”လို့ မျက်မြင်ဒေသခံ တယောက်က APM ကို ပြောပါရေ။
ယင်းအပြင် ယင်းစစ်ကောင်စီစစ်ကြောင်းစွာ ညဇာ ၃နာရီ ၁၀ မိနစ်လောက်မာ ဗန္ဓုလရပ်ကွက်(ကျက်ပိတ်) အစိမ်းသီသင်္ချိုင်းဖက်ကနီ ဗန္ဓုလရပ်ကွက်ထဲသို့ လက်နက်ချေတိနန့် ပစ်ခတ်ပနာ စစ်ကြောင်းထိုး စီးနင်းဝင်ရောက်ပြီးကေ ဗန္ဓုလတန်းထားနားက ပြည်သူ ၃ ယောက်ကိုလည်း ထပ်ဖမ်းလားရေလို့ သူက ဆိုပါရေ။
ယင်းနောက် ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ သူရို့ဖမ်းထားရေ အရပ်သား ၉ ယောက်ကို ရှိဆုံးက တင်ပနာ သျှင်ပါရဂူ၊ မြင်းခုန်တန်းကန်ဘောင်ဖက်ကနီ ကျောက်ရာဇ်ကေခွဆုံဖက်သို့ ဦးတည်ထွက်ခွာလားရေလို့ မျက်မြင်မြို့ခံတိက ပြောပါရေ။
ဒေနိတရက်တည်းမာ စစ်ကောင်စီစွာ မြောက်ဦးမြို့အနား ပတ်ဝန်းကျင်ရပ်ရွာတိကို လက်နက်ကြီးတိနန့် ပစ်ခတ်တိုက်ခိုက်ခလို့ အရပ်သားပြည်သူ ၃ ယောက် သီဆုံးခရပြီးကေ ၈ ယောက်ထက်မနည်း ဒဏ်ရာရလားခရပါသိမ့်ရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့အကြား တကျော့ပြန် တိုက်ပွဲတိ ဖြစ်ပွားလျက်ဟိရာ နိုင်ငံအနှံ့ အယှုံးနန့် ဆိုးဝါးစွာ ရင်ဆိုင်နီရရေ စစ်ကောင် စီစွာ အများပြည်သူနီထိုင်ရာ ရပ်ရွာတိကို ရည်ရွယ်ချက်ဟိဟိ လက်နက်ကြီးနန့်ပစ်ခတ်စွာ၊ အပြစ်မဲ့ပြည်သူတိကိုမတရားဖမ်းဆီးပြီးကေ လူသားဒိုင်းကာ အဖြစ်အသုံးပြု စွာ၊ လူမဆန်စွာ ရိုက်နှက်သတ်ဖြတ်စွာတိကို နိစဉ်ရက် ဆက်ဆက်တိုက် ပြုလုပ်လို့ဟိနီပါရေ။
