
APM၊ ဒီဇမ်ဘာ ၂၄ /၂၀၂၃
ဒေနိ (ဒီဇမ်ဘာ ၂၄ ရက်နိ)၊နိခင်း ၃ နာရီကျော်က မြောက်ဦးမြို့မာ စစ်ကောင်စီတပ်ဖွဲ့ဝင်တိက ရည်ရွယ်ချက်ဟိဟိ လက်နက်ကြီးနန့်ပစ်လို့ မြို့ခံ အရပ်သားပြည်သူ ၂ ယောက် သီဆုံးလားပြီးကေ ၅ နှစ်အရွယ်အချေတယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရလားကြောင်း သိရပါရေ။
သီဆုံးလားရေလူတိစွာ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်က ဦးစံမောင် (၃၅ နှစ်)နန့် ဒေါ်လှလှသန်း (၂၆ နှစ်)ရို့ လင်မယားနှစ်ယောက်ဖြစ်ပြီးကေ၊ ဒဏ်ရာရလားရေအချေစွာ သူရို့၏ သမီးချေ မခိုင်စောဝေ ( ၅ နှစ်)ဖြစ်ပါရေ။
ဒေနိ၊ နိခင်း ၃ နာရီကျော်လောက်မာ မြောက်ဦးအခြီစိုက် စစ်ကောင်စီတပ် ခမရ(၅၄၀)တပ်ရင်းကပစ်ခတ်လိုက်တေ လက်နက်ကြီးကျည်တလုံးစွာ ဦးစံမောင်၏ အိမ်ထဲမာ ကျရောက်ပေါက်ကွဲခစွာလို့ မျက်မြင်ဒေသခံတိကပြောပါရေ။
ယင်းလက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဦးစံမောင်နန့် ဒေါ် လှလှသန်းရို့စွာ နီရာမာပင် သီဆုံးလားခပြီးကေ၊ မခိုင်စောဝေကတော့ ဘယ်ဖက်လက်ပြတ်ထွက်လားရေလို့ ဆိုပါရေ။
ဒေနိမိုးထကလည်း မြောက်ဦးအခြီစိုက် အကြမ်း ဖက်စစ်ကောင်စီတပ်တိက ရည်ရွယ်ချက်ဟိဟိ လက်နက်ကြီးတိနန့် ပစ်ခတ်လို့ မြောက်ဦးဒေသခံ ၈ ယောက်ထိခိုက်ဒဏ်ရာရလားခပြီးကေ ယင်းအထဲက ဒဏ်ရာပြင်းထန်ရေ အမျိုးသားတယောက် ကွယ်လွန်လားခပါသိမ့်ရေ။
ယင်းကြောင့် ဒေနိတရက်တည်းမာပင် မြောက်ဦးမြို့နယ်မာ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၃ ယောက် သီဆုံးလားပြီးကေ၊ ၈ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရဟိခပြီးဖြစ်ပါရေ။
လက်ဟိအချိန်ထိလည်း စစ်ကောင်စီစွာ မြောက်ဦးမြို့ကို လက်နက်ကြီးတိနန့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နီပြီးကေ အနားတဝိုက် ရပ်ရွာတိမာ ကျရောက် ပေါက်ကွဲလျက်ဟိကြောင်း သိဟိရပါရေ။




