
APM၊ ဒီဇမ်ဘာ ၂၄ / ၂၀၂၃
ဒီဇမ်ဘာ ၂၃ ရက်နိ ညည့်မာ ဘူးသီတောင်မြို့က မြို့ခံအရပ်သားပြည်သူတယောက်ကို အကြမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တိ ဖမ်းယူလားကြောင်း သိရပါရေ။
ဖမ်းဆီးခံရရေလူစွာ ဘူးသီးတောင်မြို့၊အမှတ် (၅) ရပ်ကွက်က ဦးဉာဏ်လင်း(၄၁နှစ်) ဖြစ်ပါရေ။
စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀ လောက်စွာ ဒီဇမ်ဘာ ၂၃ ရက်နိ၊ ညည့် ၁၁ နာရီ ၄၅ မိနစ်မာ စစ်ကား ၂ စီးနန့် ဘူးတောင်မြို့၊အမှတ်(၅) ရပ်ကွက်သို့ ရောက်လာပြီးကေ ဦးဉာဏ်လင်းအိမ်ကို ဝင်ရောက်မွီနှောက်ရှာဖွီခကတ်ပါရေ။
ယင်းနောက် ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ဦးဉာဏ်လင်းအိမ်က စိန်လက်စွပ် (၁)ကွင်း၊ ငွေ ၃ သိန်းနန့် ဓါတ်ဆီ (၁) ဗူးကိုပါ လုယက်ယူ ဆောင်ပနာ၊ ဦးဉာဏ်လင်းကိုပါ မတရားသဖြင့် ဖမ်းယူလားစွာဖြစ်ပါရေ။
ယင်းအပြင် ဦးဉာဏ်လင်းနန့် တခြံတည်းနီရေ အစ်ကိုဖြစ်သူ ဦးတင်အောင်ဝင်း၏ အိမ်ကိုလည်း ဝင်ရောက် မွီနှောက်ရှာဖွီ မှုတိ ပြုလုပ်ခကတ်ပါသိမ့်ရေ။
စစ်ကောင်စီတပ်စွာ ရက္ခိုင့်တပ်တော်(AA)နန့် တကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွားရေ နိုဗမ်ဘာ ၁၃ ရက်နိကပင်စလို့ ဒေနိအထိ ရက္ခိုင်ပြည်အနှံ့က အပြစ်မဲ့ပြည်သူ စုစုပေါင်း ၃၀၀ ကျော်ဖမ်းဆီးထားပြီးဖြစ်ကြောင်းသိရပါရေ။
