
APM ၊ ဒီဇမ်ဘာ ၂၄ / ၂၀၂၃
စစ်မှုပြန်ထမ်းခိုင်းဖို့ဆိုပနာ မြန်မာပြည်တဝန်းကထောင်တိမာ ပြစ်ဒဏ်ကျခံနီကတ်တေ စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်သား ၆၄၅ ယောက်ကို လွတ်ငြိမ်းခွင့်ပီးဖို့ အကျဉ်းဦးစီဌာန၊ ညွှန်ကြားရီးမှူးသို့ ဒီဇမ်ဘာ ၂၁ ရက်နိမာ ညွှန်ကြားလိုက်ပါရေ။
စစ်ကောင်စီကာကွယ်ရီးဝန်ကြီးဌာန၏ ယင်းညွှန်ကြားစာကို ပြည်ထဲရီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာပြည့်က ဒီဇမ်ဘာ ၂၁ ရက်နိမာအကျဉ်းဦးစီးဌာနညွှန်ကြားရီးမှူးချုပ်သို့ ထပ်ဆင့်ညွှန်ကြားခပါရေ။
အကျဉ်းဦးစီးဌာနညွှန်ချုပ်ရုံးကလည်း ယင်းနိမာပင်ချက်ချင်းတပြည်လုံးဟိထောင်တိက အကျဉ်းဦးစီးမှူးအားလုံးဘားသို့ ထောင်သား ၆၄၅ ယောက်ကို လွတ်ငြိမ်းခွင့်ပီးဖို့ ထပ်ဆင့်ညွှန်ကြားလိုက်ပါရေ။
ရာပြည့်၏ ညွှန်ကြားစာမာ”တပ်မတော်ကာကွယ်ရီးဦးစီးဌာန၏အမိန့်ထုတ်ပြန်ချက်နန့်အညီ ထောင်အသီးသီးမာ ပြစ်ဒဏ်ကျခံလျက်ဟိသော အရာဟိ/စစ်သည်ဟောင်းများထဲက စစ်သည် ၆၄၅ ယောက်ရို့သည် စစ်မှုထမ်းရန် ဆန္ဒပြုလာသဖြင့် အကျဉ်းကျခံနီရာမှ ပြန်လွှတ်ပီးလားရန် ညွှန်ကြားသည်” လို့ဖော်ပြထားပါရေ။
ရက္ခိုင်အပါအဝင် နိုင်ငံအနှံ့တိုက်ပွဲတိမာအဖက်ဖက်ကထိခိုက်ကျဆုံးမှု အလွန့်အလွန်များပြားနီရေ စစ်ကောင်စီစွာ စစ်တိုက်ဖို့စစ်သားမဟိသလောက်ဖြစ်လားခါ ထောင်ကျစစ်ဗြီး၊ရဲဗြီးတိအပါအဝင်ထောင်သားတိကိုထုတ်လို့ စစ်သားအင်အားကို တိတ်တဆိတ်ဖြည့်တင်းလာခစွာရေ ကာလအင်တန်ကြာနီပြီးဖြစ်ပါရေ။
ကုန်ခရေ ဒီဇမ်ဘာလပထမအပတ်ကလည်း စစ်ကောင်စီစွာ စစ်မှုပြန်ထမ်းဖို့ဆိုပြီးကေ ထောင်သားတိကို ခိုးထုတ်ပနာစစ်မှုထမ်းခိုင်းရေသတင်းတိလည်း မီဒီယာတိမာ ပြန့်နှံ့ခပါသိမ့်ရေ။
စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းကလည်း “စစ်ဗြီး၊ရဲဗြီးတိကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပြုပနာ စစ်မှုပြန်ထမ်း ခွင့်ပြုဖို့” လို့ ဒီဇမ်ဘာ ၃ ရက်နိ ညဇာမာ စစ်ကောင်စီဝါဒဖြန့်မီဒီယာတိကတဆင့် တရားဝင်ထုတ်ဖော်ပြောဆိုခပါသိမ့်ရေ။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နိက ညီနောင်မဟာမိတ် (၃)ဖွဲ့ စတင်လိုက်တေ ၁၀၂၇ စစ်ဆင်ရီးအတွင်း ညီနောင်မဟာမိတ်ရို့အပြင် တော်လှန်ရီးမဟာမိတ်အဖွဲ့ရို့၏ ဟန်ချက်ညီ ထိုးစစ်ဆင် တိုက်ခိုက်မှုတိကြောင့် ဘုံရန်သူအကြမ်းဖက်စစ်ကောင်စီစွာ တပ်စခန်း တခုပြီးတခု၊ တမြို့ပြီးတမြို့ လက်လွှတ်ဆုံးယှုံးခရပိုင် စစ်ကောင်စီတပ်ဖွဲ့ဝင်တိလည်း အများအပြားထိခိုက်သီဆုံးခြင်း၊တပ်ဗြီးများလာခြင်း၊လက်နက်ချ အလင်းဝင်လူများလာခြင်းတိကြောင့် စစ်ကောင်စီမာ စစ်တိုက်ဖို့လူ မဟိသလောက်နည်းပါးလာရခြင်းဖြစ်ပါရေ။
အဂုပိုင် အကြမ်းဖက်စစ်ကောင်စီ၏ လတ်တလော လုပ်ဆောင်ချက်တိနန့်ပတ်သက်လို့ ရက္ခိုင်နိုင်ငံရီးသမားတယောက်က ” ဒေချင့်က စစ်ကောင်စီစွာ တစတစပြိုလဲလာနီရေဆိုစွာပြနီပါရေ။ တပ်ဖွဲ့စည်းပုံလုံးလုံးပျက်လားရေ အနီအထားပါ။ နောက်တခုက စစ်ကောင်စီစွာ သူရို့တောင် ထိန်းမနိုင်သိမ်းမရလို့ ထောင်ချထားရရေ ပြစ်မှုမျိုးစုံကျူးလွန်ထားရေ ရာဇဝတ်သားတိကို လက်နက်ပြန်အပ်ပြီးကေ ပြည်သူကို အကြီးအကျယ် အဆိုးဝါးဆုံး ဒုက္ခပီးဖို့ လုပ်နီစွာပိုင် မြင်ရပါရေ” လို့ သုံးသပ် ပြောဆိုလားခပါရေ။

