APM ၊ ဒီဇမ်ဘာ ၂၄ / ၂၀၂၂
ရသေ့တောင်မြို့နယ်၊ စေတီပြင်ချောင်းဝ၌ ဟွန်ဒါ စက်တစီးနန့် ကုန်တင်ဘုတ်ကြီးတစီး တိုက်မိရာမှ ပျောက်ဆုံး နီသူတဦး၏ ရုပ်အလောင်းကို ဒေနိ( ဒီဇမ်ဘာ ၂၄ ရက်နိ) မိုးထ ၃ နာရီခွဲ၌ ရှာတွိခပြီး၊ ဒေနိ မိုးထ ၉ နာရီအချိန်တွင် စေတီပြင်သင်္ချိုင်း၌ မြီမြုပ်သင်္ဂြိုလ်ပြီးဖြစ်ကြောင်း သိရသည်။
သီဆုံးလျက်တွိဟိရသူမှာ ရသေ့တောင်မြို့နယ်၊ ရီစိုးချောင်းရွာသား (စေတီပြင်စစ်ဖီးယှောင်စခန်းနီထိုင်သူ) ဦးသန်း ရွှေလှိုင် (၄၄ နှစ်) ဖြစ်သည်။
ဦးသန်းရွှေလှိုင်သည် စေတီပြင်စစ်ဖီးယှောင်စခန်းနီထိုင်သည့် ရီစိုးချောင်းမှ ဦးမောင်သာစိန် (၄၆) နှစ်နန့်အတူ ယင်းစစ်ဖီးယှောင်စခန်းမှ အသက် ၈ နှစ်အရွယ်အချေတယောက် ဆိုင်ကယ်တိုက်မိ၍ ခြီချင်းဝတ်ကျိုးလားသည်ကို တိုင်းရင်းဆီးဖြင့်ကုသရန် ဒီဇမ်ဘာ ၂၁ ရက်နိ ညဇာ ၆ နာရီခန့်၌ ဟွန်ဒါတစီး နန့် ပိတောက်မြိုင်ရွာသို့ ထွက်ခွာလာခသည်။
ယင်းသို့လာစဉ် ချွတ်ပြင်ရွာမြောက်ဖက်ချောင်းကွေ့အရောက်၌ ၎င်းရို့ စီးနင်းလာသည့် ဟွန်ဒါအား ကုန်တင် ဘုတ်ကြီးတစီးမှ မတော်တဆဝင်တိုက်မိရာမှ ဦးသန်းရွှေလှိုင်မှာ ချောင်းထဲကျလားပြီး ပျောက်ဆုံးနီခခြင်း ဖြစ် သည်။
ယင်းနောက် ရွာသူရွာသားများမှ ဦးသန်းရွှေလှိုင်အား လိုက်လံရှာဖွီကတ်ရာ၊ သူ၏ရုပ်အလောင်းကို ဒေနိ (ဒီဇမ်ဘာ ၂၄ရက်နိ) မိုးထ ၃ နာရီခွဲတွင် စေတီပြင်ဘုတ်ဆိပ်၌ ပြန်တွိခရခြင်းဖြစ်ပြီး၊ ၎င်းရုပ်အလောင်းအား ဒေနိ မိုးထ ၉ နာရီ အချိန် စေတီပြင်သင်္ချိုင်း၌ မြီမြုပ်သင်္ဂြိုလ်လိုက်ခြင်း ဖြစ်သည်။
ဘုတ်တိုက်မှု ဖြစ်စဥ်အတွင်း ဦးသန်းရွှေလှိုင်နန့်အတူလိုက်ပါလာသူ ဦးမောင်သာစိန်မှာလေ့ ဘယ်လက်၊ နောက် ကုန်းနန့်ညာဖက်မျက်ခုံးရို့တွင်ဒဏ်ရာရဟိလားခပြီး၊ ၎င်းရို့ဆီးကုမည့်အချေမှာတော့ တစုံတရာထိခိုက်မှု မဟိခဟု သိဟိရသည်။