
LONDON, ENGLAND - SEPTEMBER 03: Richarlison of Tottenham Hotspur holds his ankle during the Premier League match between Tottenham Hotspur and Fulham FC at Tottenham Hotspur Stadium on September 3, 2022 in London, United Kingdom. (Photo by Mark Leech/Offside/Offside via Getty Images)
APM ၊ ဒီဇမ်ဘာ ၂၄ / ၂၀၂၂
စပါးအသင်းတိုက်စစ်မှူး ဘရာဇီးနိုင်ငံသား ရစ်ချာလီဆန်သည် ကမ္ဘာ့ဖလားတွင် ရလာသည့် ကံကောက်ကြော ဒဏ်ရာကြောင့် ၃-၄ ပတ်ခန့် အနားယူရမည်ဟု စပါးနည်းပြ အန်တိုနီယိုကွန်တီက ပြောဆိုလိုက်သည်။
“ကျနော် သူ့ဒဏ်ရာနန့်ပတ်သက်လို့ဆီးအဖွဲ့နန့် စကားပြောခပါရေ။ ဒဏ်ရာအခြေအနေက ပြင်းထန်ရေအတွက် သုံး ၊ လေးပတ်လောက် အနားယူရဖို့လို့ ပြောပါရေ” ဟု ကွန်တီက ဆိုသည်။
ရစ်ချာလီဆန်သည် ကံကောက်ကြော ဒဏ်ရာကြောင့် ဒီဇမ်ဘာ ၂၇ ရက်နိတွင် ဘရန့်ဖိုဒ်အသင်းနန့် ကဇတ်မည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မည် ဖြစ်သည်။
ယင်းအပြင် စပါးသည် လန်ဒန်ဒါဘီပွဲစဉ်အဖြစ် လာမည့် ဂျန်နဝါရီ ၁၅ ရက်နိတွင် အာဆင်နယ်နန့် ကဇတ် ရမည် ဖြစ်ပြီး၊ နောက်ထပ်မန်စီးတီးနန့် လေ့အဝီးကွင်းပွဲစဉ် ကဇတ်ရမည်ဖြစ်ရာ ယင်းပွဲများတွင် ပါဝင်နိုင်ရီးအတွက် ရစ်ချာလီဆန် အပြင်းအထန် ကြိုးစားရဖွယ် ဟိနီသည်။
ရစ်ချာလီဆင်သည် အဲဗာတန်မှ ပြောင်းရွှိကြေးပေါင်သန်း ၆၀ ဖြင့် စပါးအသင်းသို့ ရောက်ဟိလာပြီးနောက်တွင် အသင်းအတွက် ဂိုးမသွင်းပီးနိုင်သိမ့်လို့ ကွန်တီက အားမလိုအားမရဖြစ်နီခသည်။
ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်တွင် ဘရာဇီးအသင်းဖက်မှ ဆားဘီးယားအသင်းဖက်သို့ “ရစ်ချာလီဆင်” သွင်းလိုက်သော ဂိုးမှာ ၂၀၂၂ ကမ္ဘာ့ဖလား၌ အကောင်းဆုံးသွင်းဂိုးအဖြစ် ပရိသတ်များအကြား ရီပန်းစားခသည်။
Photo – Mark Leech/ Offside/ Offside Via Getty Images
