APM ၊ ဒီဇမ်ဘာ ၂၄ / ၂၀၂၂
စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့ရန်အချက်များပါသည့် အမေရိကန်အမျိုးသား ကာကွယ်ရီးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA)ကို ဒီဇမ်ဘာ ၂၃ ရက်နိတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်မှ လက်မှတ်ရွီးထိုးလိုက်ကြောင်း အမေရိကန် ကာကွယ်ရီးဌာနမှ သတင်းထုတ်ပြန်သည်။
NDAA သည် ၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရီးဝန်ကြီးဌာနကို ဒေါ်လာဘီလီယံ ၈၀၀ ကျော်သုံးစွဲခွင့်ပြုသည့် ဥပဒေဖြစ်ပြီး၊ ယင်းဥပဒေ၌ စစ်ကောင်စီ၏ အဓိကဝင်ငွေလမ်းကြောင်းဖြစ်သည့် MOGE မြန်မာ့ရီနံနန့် သဘာဝ ဓာတ်ငွိလုပ်ငန်းကို ပိတ်ဆို့ဒဏ်ခတ်ခြင်းများအပါအဝင် စစ်ကောင်စီအပေါ် အရေးယူမှုများ ပြုလုပ်ရန် ထည့်သွင်း ထားသည်။
ဥပဒေအရ မြန်မာပြည်တွင် စစ်ကောင်စီကို ဆန့်ကျင်သည့် အင်အားစုများအား ကူညီထောက်ပံ့ပီးရန်နန့် တိုင်းရင်း သားပြည်နယ်များ၌ ဖယ်ဒရယ်စနစ်ခိုင်မာစီရီးအထောက်အကူဖြစ်မည့် အစီအစဉ်များ ပီးအပ်ရန်လေ့ ပါဝင်သည်။
ယင်းအပြင် NDAA ဥပဒေတွင် မြောက်ကိုရီးယားနိုင်ငံ၊ အီရန်နိုင်ငံနန့် တခြားနိုင်ငံများအတွက် ဆောင်ရွက်လားမည့် အချက်များလေ့ ပါဝင်ပြီး၊ အဓိကအားဖြင့် ယူကရိန်းနန့်ထိုင်ဝမ်ကို အကူအညီပီးရန် ပါဝင်သည်။
Photo – UPI