APM၊ ဒီဇမ်ဘာ ၂၄ / ၂၀၂၂
ပြီးခသည့် ဒီဇမ်ဘာ ၂၁ ရက်နိက မြန်မာ့အရေးနန့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရီးကောင်စီ၏ ဆုံးဖြတ်ချက်သည် မြန်မာပြည် တည်ငြိမ်ရီးကို အထောက်အကူမဖြစ်၍ လက်မခံကြောင်း စစ်ကောင်စီနိုင်ငံခြားရီးဝန်ကြီးဌာနမှ ဒီဇမ် ဘာ ၂၃ ရက်နိတွင် ကြေညာချက်ထုတ်၍ ပယ်ချလိုက်သည်။
လုံခြုံရီးကောင်စီ၏ ဆုံးဖြတ်ချက်တွင် မြန်မာပြည်တွင်းရီးကို ဝင်ရောက်စွက်ဖက်ထားသည့် အချက်များပါဝင်နီပြီး၊ ကုလသမဂ္ဂမူဝါဒကိုလေ့ ချိုးဖောက်ထားကြောင်း၊ ပြည်သူလူထု၏ အကျိုးကိုရှေးရှု၍ နိုင်ငံတည်ငြိမ်ဖွံ့ဖြိုးရီးကို လုပ်ဆောင်နီသည့် စစ်ကောင်စီ၏ ကြိုးပမ်းမှုများကို ပံ့ပိုးပီးရမည့်တက်စား မြန်မာပြည်ကို မတည်မငြိမ်ဖြစ်အောင် ဖိအားပီးရန် ကြိုးပမ်းချက်များဖြစ်၍ လက်မခံကြောင်း ဆိုသည်။
လုံခြုံရီးကောင်စီ၏ဆုံးဖြတ်ချက်ထဲတွင် အကြမ်းဖက်မှုများကို ရပ်တန့်ရန်တောင်းဆိုထားသည်ကိုရာ တွိရပြီး အကြမ်းဖက် မှုများကို ကျူးလွန်နီသည့် NUG နန့် PDF ရို့၏ လုပ်ရပ်များကို ရှုံ့ချတားဆီးရန်လိုအပ်ကြောင်း၊ ၂၀၂၀ နိုဗမ်ဘာလရွီးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ မဲမသာမှုများစွာဖြင့် အနိုင်ရခခြင်းဖြစ်ကြောင်းနန့် မြန်မာ့အရေးကို မြန်မာပြည်ကရာအသိဆုံးဖြစ်ပြီး၊ မိမိရို့ဘာသာဖြေယှင်းနိုင်စွမ်း ဟိပါကြောင်း ကြေညာချက်၌ ပါဟိသည်။
ယင်းအပြင် မိမိရို့အနီနန့် နိုင်ငံ့အရေး ဆောင်ရွက်ရာ၌ ၂၀၀၈ ဖွဲ့စည်းပုံအခြီခံဥပဒေ၊ တည်ဆဲဥပဒေများနန့်ရပ်တည် လားမည်ဟု စစ်ကောင်စီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
Photo – AP