APM ၊ ဒီဇမ်ဘာ ၂၄ /၂၀၂၂
ရမ်းဗြဲမြို့၊မြို့မဇုံ- ကျောင်းသား၊ကျောင်းသူဟောင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနားကို နက်ဖြန် (ဒီဇမ်ဘာ ၂၅ ရက်နိ)၌ ကျင်းပလားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအခမ်းအနားကို နက်ဖြန်မိုးထ ၈ နာရီ၌ ရမ်းဗြဲမြို့ဟိ အထင်ကရ အောင်ဓမ္မဗိမာန်ဓမ္မာရုံတော်ကြီးမှာ ကျင်းပ လားမည်ဖြစ်ပြီး၊ အပူဇော်ခံ ဆရာကြီး၊ဆရာမကြီး ၁၆၀ ကျော်တက်ရောက်လားမည်ဖြစ်ကာ ကျောင်းသား၊ကျောင်း သူဟောင်း ၃၀၀နီးပါးတက်ရောက်ကန်တော့လားမည်ဖြစ်ကြောင်း အာစရိယပူဇော်ပွဲ ကျင်းပရီးကော်မတီမှ တာဝန် ဟိသူများက ပြောသည်။
အခမ်းအနား၌ကျောင်းသား၊သူဟောင်းများမှ ဆရာကြီး၊ဆရာမကြီးများအား ဂီတအနုပညာဖြင့် ပူဇော်ခြင်း၊ လှူဖွယ် ပစ္စည်းများဖြင့်ပူဇော်ခြင်း စသည့် အစီအစဉ်များပါရှိပြီး၊ အပူဇော်ခံဆရာကြီး၊ဆရာမကြီးများအား တယောက်လျှင် ဝတ္ထုအလှူငွေ ကျပ် ၁ သိန်းခွဲစီဖြင့် ပူဇော်ကန်တော့လားမည်ဟု သိရသည်။
ရမ်းဗြဲမြို့- မြိုမဇုံ ကျောင်းသား၊ကျောင်းသူဟောင်းများ၏ အာစရိယပူဇော်ပွဲကို ကုန်ခသည့် ၂၀၁၅ ခုနှစ်မှစ၍ တနှစ် ခြားစီ ကျင်းပလာခခြင်းဖြစ်ပြီး၊ ဒေဂု ၂၀၂၂ ခုနှစ်ဆိုလျှင် စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
Photo – ABN