
APM ၊ အောက်တိုဘာ ၂၄/၂၀၂၃
မြောက်ဦးမြို့နယ်၊ ခြီကြောသယ်မချောင်းမာ အောင်တိုဘာ ၂၃ ရက်နိက ဟွန်ဒါမှောက်လို့ ပျောက်ဆုံးနီလူ တယောက်၏ ရုပ်အလောင်းကို ဒေနိ(အောက်တိုဘာ ၂၄ ရက်နိ) ညဇာ ၄ နာရီခွဲမာ ပြန်တွိခရကြောင်း သိရပါရေ။
အလောင်းပြန်တွိရလူမာ မြောက်ဦးမြို့နယ်၊ ရွာသစ်ကေရွာက ဦးထွန်းမောင် (၅၇နှစ်) ဖြစ်ပါရေ။
ဦးထွန်းမောင်စွာ အောက်တိုဘာ ၂၃ ရက်နိမိုးထက တရွာတည်းနီ ဦးမောင်စံဝင်းနန့်တတူ ဟွန်ဒါတစီးနန့် မြောက်ဦးမြို့နယ်၊ ပြိုင်းချရွာဟိ ကိုယ့်လယ်ကွင်းကိုအလား ခြီကြောသယ်မချောင်းဂေါက်ကွေ့မာ ဟွန်ဒါမှောက်လားခပြီးကေ ပျောက်ဆုံးလားခပါရေ။
ယင်းနောက် ရွာသားတိက ဝိုင်ဝန်းရှာဖွီကတ်လို့ ၁ ရက်ကြာ ဒေနိညဇာ ၄ နာရီခွဲလောက်က ယင်းဟွန်ဒါမှောက်လားရေ ခြီကြောသယ်မချောင်းဂေါက်ကွေ့နားမာပင် သီဆုံးနီရေ ဦးထွန်းမောင်၏ ရုပ်အလောင်းကို ပြန်တွိခပါရေ။
ဦးထွန်းမောင်၏ ရုပ်အလောင်းကို ညည့် ၁၀ နာရီအချိန် ပြိုင်းချရွာသင်္ချိုင်းမာ မြီမြှုပ်သင်္ဂြိုလ်လားဖို့ သိရပါရေ။
