APM၊အောက်တိုဘာ ၂၃/၂၀၂၃
Mocha မုန်တိုင်းကြောင့် ပြိုပျက်ခရရေ ရသေ့တောင်မြို့နယ် မိုးစဲကျွန်း၊ ခြီတော်ရာဘုရားက သာသနိကအဆောင်တိကို လက်ဟိ ၅ လကျော်ကြာလာရေအထိ ပြန်မပြုပျင်နိုင်သိမ့်လို့သိရပါရေ။
မေ ၁၄ ရက်နိက တိုက်ခတ်ခရေ Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ခြီတော်ရာဘုရားက ဓမ္မာရုံ၊ သိမ်အပါအဝင် သာသနိကအဆောက်အအုံအများစု ပျက်စီးလားခရပါရေ။
လက်ဟိမုန်တိုင်းတိုက်လို့ ၅ လကျော်ကြာလာကေလေ့ ယင်းမုန်တိုင်းကြောင့် ပြိုပျက်ခရရေ သာသနိက အဆောက်အအုံတိမာ အလှူသျှင်နည်းပါးနီလို့ အဂုအချိန်ထိ ပြန်မပြုပျင်နိုင်သိမ့်လို့ ဘုရားဂေါပကအဖွဲ့ က ပြောပါရေ။
မုန်တိုင်းပြီးခါကပင်လည်း ဘုရားဖူးတိ လာရောက်မှုနည်းပါးလားရေပိုင် အဆောက်အအုံအများစုစွာ လုံးဝပြိုပျက်လာရေအတွက်လည်း ပြန်ပြုပျင်ဖို့ အခက်ကြုံနီကတ်ရရေလို့ ဆိုပါရေ။
ယင်းခြီတော်ရာဘုရားစွာ ရသေ့တောင်မြို့နယ်၏အထင်ကရ ဘုရားတဆူဖြစ်ပြီးကေ နှစ်စဉ်နှစ်တိုင်းလည်း ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလိဟိပါရေ။
ဒေနှစ်မာတော့ ဘရားပွဲတော်ကျင်းပနိုင်ရီး မုန်တိုင်းကြောင့်ပျက်လားရရေ သာသနိက အဆောက်အအုံတိကို အချိန်မီ ပြန်ပြုပျင်ဖို့ ကြိုးစားနီရေပိုင် ပြည်တွင်း၊ ပြည်ပ အလှူသျှင်တိလည်း လိုအပ်နီရေလို့ ဘုရားဂေါပကအဖွဲ့က ဆိုပါရေ။
မေ ၁၄ ရက်နိက တိုက်ခတ်ခရေ Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရက္ခိုင်ပြည်မြို့နယ် အများစုက နီအိမ်၊ ဆီးရုံ၊ ဆီးခန်းစာသင်ကျောင်း၊ သာသနိက အဆောက်အအုံအများစု ပြိုပျက်ခရပနာ ယင်းအထဲက တချို့စွာ ကိုယ်ထူကိုယ်ထ ပြန်ပျင်ထားနိုင်ကတ်ကေလေ့ တချို့မာ လက်ဟိ ၅ လကျော်ကြာလာရေအထိ ပြန်မပျင်နိုင်သိမ့်ကြောင်း သိဟိရပါရေ။