APM ၊ ဂျန်နဝါရီ ၂၄ / ၂၀၂၃
အာဆင်နယ်အသင်းသည် စီးရီးအေကလပ် စပီဇီယာအသင်းက ပိုလန်လက်ရွီးစင်နောက်ခံလူ ကီဝီယာကို ပေါင် ၁၇.၆ သန်းအပြင် အပိုပရိုဂရပ်များဖြင့် ၂၀၂၇ ခုနှစ်အထိ ခေါ်ယူလိုက်ကြောင်း ဒေနိအတည်ပြု ထုတ်ပြန် သည်။
အာဆင်နယ်သည် ဒေဂုရာသီအပြောင်းအရွှိမှာ ဘရိုက်တန်မှ တိုက်စစ်မှူး လီအန်ဒရို ထရောစ်ဆဒ်ကို ခေါ်ယူခပြီးနောက် ဒုတိယအကြိမ်အဖြစ် ကီဝီယာကို ခေါ်ယူလိုက်ခြင်းဖြစ်သည်။
အာဆင်နယ် နည်းပြအာတီတာက “သူစွာ စပီဇီယာအသင်းနန့် အရည်အသွီးတိကို အကောင်းဆုံးပြသခရေ စွယ်စုံရ လူငယ်ကဇတ်သမား ဖြစ်တေ။ ပိုလန်နန့် နိုင်ငံတကာပွဲတိမှာလေ့ခြီစွမ်းပြခရေ” ဟု ချီးမွှမ်း ပြောကြားခသည်။
အသက် ၂၂ အရွယ် ပိုလန်နောက်ခံလူ ကီဝီယာက အာဆင်နယ်ကို ရွီးချယ်ရခြင်း အဓိကအကြောင်းရင်းမှာ အသင်း၏
ကဇတ်ဟန်ကြောင့်ဟု ဆိုသည်။
အရပ် ၆ ပေ ၂ လက်မ ဟိသည့် ဗဟိုခံစစ်ကဇတ်သမား ကီဝီယာသည် ၂၀၁၉ ခုနှစ်တွင် ပရော်ဖယ်သျှင်နယ် ကဇတ်သမားဘဝကိုစတင်၍၊ ၂၀၂၁ ခုနှစ်မှာ စပီဇီယာအသင်းသို့ ပြောင်းရွှိလာကာ အသင်းအတွက် ၄၃ ပွဲ ကဇတ်ပီးခပြီး၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄ ပွဲပါဝင်ကဇတ်ခကြောင်း သိရသည်။
Source – Arsenal have signed Jakub Kiwior from Serie A side Spezia for 20m euros (£17.6m) on a deal running until 2027.
Photo -Twitter