APM ၊ ဂျန်နဝါရီ ၂၄ / ၂၀၂၃
ကရင်ပြည်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ဂျန်နဝါရီ ၂၃ ရက်နိ ညဇာပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရီးမှူးရုံး၊ လဝကရုံး၊ မြီစာရင်းရုံး၊ စရဖရုံးများကို မီးတိုက်ဖျက်ဆီးခကြောင်း သိရသည်။
အဆိုပါရုံးများအား KNLA နန့် ပြည်သူ့ကာကွယ်ရီးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့များက မီးတိုက်ဖျက်ဆီးခခြင်း ဖြစ်သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ဖော်ပြသည်။
စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများ မီးတိုက်ဖျက်ဆီးခံရသည့်အချိန်တွင် လက်နက်ကြီးပစ်ခတ်သံများ ကြားရကြောင်းနန့် အမျိုးသား ၂ ယောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရဟိခကြောင်း ဒေသခံများက ဆိုသည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနိုင်းရီးမှူးရုံး (UN OCHA)၏ ထုတ်ပြန်ချက်အရ ကရင်ပြည်တွင် ဂျန်နဝါရီ ၂၀ ရက်နိအထိ စစ်ဖီးယှောင် ၉၇,၂၀၀ ဟိကြောင်း သိရသည်။
Photo – Dawei Watch